ကျွန်တော်တို့ ဝယ်နေကြတဲ့ ပစ္စည်းတွေကို အသက်နဲ့ရင်းပြီး ဝယ်နေကြရတာပါ။
ရွှေဘုံပေါ်မှာစံပြီး မွေးလာတဲ့သူတွေကလွဲလို့ ကျွန်တော်တို့အများစုဟာ အရွယ်ရောက်လာတဲ့အခါ ကိုယ်သုံးဖို့ငွေကို ကိုယ်တိုင်ရှာကြရပါတယ်။ ဘဝရဲ့အစိတ်အပိုင်းတစ်ခုကို ငွေရဖို့အတွက် စတေးလိုက်ရတာပါပဲ။ အလုပ်မှာ ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ အချိန်ပေးရပါတော့တယ်။
အလုပ်လုပ်ရင် တစ်နာရီ ငွေတစ်ထောင်ရတဲ့ လူတစ်ယောက်ဟာ တစ်သိန်းတန် ဖုန်းတစ်လုံးဝယ်ချင်တယ် ဆိုပါစို့။ ငွေတစ်သိန်းရအောင် နာရီ ၁၀၀ အလုပ်လုပ်ရပါမယ်။ ဒါဆို ဖုန်းတစ်လုံးရဲ့ တစ်ကယ့်တန်ဖိုးဟာ ကိုယ့်အသက် ကိုယ့်ဘဝရဲ့ အချိန် နာရီ ၁၀၀ ပေါ့။
ငွေတစ်သိန်းကုန်တာမဟုတ်ပဲ ကိုယ့်အသက် တစ်စိတ်တစ်ပိုင်း ကုန်သွားတယ်ဆိုတာကို သတိပြုပါ။
နောက်တစ်ခါ ပစ္စည်းတစ်ခုကို ဝယ်တော့မယ်ဆိုရင် တန်မတန်ဘယ်လိုတွက်ရမလဲဆိုတော့ ကိုယ့်ရဲ့ အသက်၊ ကိုယ့်ရဲ့ ဘဝ၊ ကိုယ့်ရဲ့ အချိန်ဘယ်လောက်ကို စတေးပြီး ဝယ်မှာလဲဆိုတာကို တွက်ပြီးမှဝယ်ပါ ခင်ဗျာ။
တစ်နာရီကို ငွေဆယ်သိန်း ဝင်နေတဲ့သူအတွက်ကတော့ ဆယ်သိန်းတန် အိတ်တစ်လုံးဟာ ဈေးပေါလွန်းနေတတ်ပြီး တစ်နာရီ ငွေတစ်ထောင် ဝင်နေတဲ့လူအတွက်တော့ ဆယ်သိန်းတန် အိတ်တစ်လုံးဟာ ဈေးကြီးလွန်းနေပြန်ပါတယ်။ စတေးရတဲ့ အသက်ပမာဏ ကွာသွားတာကိုး။
ကိုယ့်ဘဝရဲ့ အချိန်ဆိုတာ အကန့်အသတ်ရှိပါတယ်။ လူ့သက်တမ်း အကန့်အသတ်ရှိပါတယ်။ ဒီတော့ ကိုယ့်ရဲ့အချိန်တွေကို စတေးပြီး ပစ္စည်းတွေဝယ်တဲ့အခါ ကိုယ့်အတွက် အရေးပါပြီး တန်ဖိုးရှိတဲ့ အရာတွေကို ရွေးဝယ်တတ်ဖို့လိုပါတယ်။
ဟုတ်ကဲ့ ဒီစာကိုလည်း အသက်နဲ့ရင်းပြီး ရေးပါတယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Friday, September 25, 2020
အသက်နဲ့ရင်းပြီး ဝယ်ရတဲ့ပစ္စည်း
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
"ငွေမရှိခြင်းဟာ မကောင်းမှုတွေအားလုံးရဲ့ ဇစ်မြစ်ပါပဲ" လို့ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး ဝေဖန်သံတွေနဲ့ ပွက်လောရိုက်...
-
၁၁ လပိုင်း ၁၁ ရက်နေ့ကို တရုတ်ပြည်မှာ လူလွတ်များနေ့ (Singles’ Day) လို့ သတ်မှတ်ထားပါတယ်။ ၁၁၁၁ ဆိုတာ ၁ ဂဏန်းတွေပူးနေတာ ဆိုတော့ တစ်ယော...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခေါ်တဲ့ လျှ...
No comments:
Post a Comment