Saturday, September 26, 2020

ငွေ​ကြေး ​ဘောလုံးပွဲ

တစ်ကိုယ်​ရေ ​ငွေ​ရေး​ကြေး​ရေးဟာ တစ်ခါတစ်​လေမှာ ​ဘောလုံးပွဲနဲ့ ဆင်ပါတယ်။

​ဘောလုံးပွဲဆိုတာ သိ​တဲ့​အတိုင်း သွင်းဂိုးက ပေးဂိုးထက်များမှ နိုင်တာ​လေ။

ဂိုးသွင်း​​ကောင်း​တဲ့​အသင်းကို ဝင်​ငွေ​​ကောင်း​တဲ့သူလို့တွက်လို့ရပြီး ​ခံစစ်​​ကောင်း​တဲ့​အသင်းကို ခြိုး​ခြံ​ချွေတာ ထွက်​ငွေနည်း​တဲ့သူ​တွေလို့ သတ်မှတ်လို့ ရပါတယ်။

ဒီလိုနည်း​နဲ့ လူ​တွေကို ​ယေဘုယျ​သ​ဘော ၄ မျိုး ခွဲကြည့်ရအောင်။

ရှုပ်သွားမှာစိုးလို့ ​အလယ်တန်း​တွေ ဘာ​တွေ​​တော့ ဒီဥပမာမှာ ခဏ ​​မေ့ထားပါတယ်။ 

——————————
(၁) ဂိုးသွင်းညံ့ ​ခံစစ်ညံ့
——————————

ဂိုးသွင်းမ​​ကောင်းရ​တဲ့ ​အထဲ ​ခံစစ်ကလည်း ညံ့မှ​​တော့ ဘယ်လိုလုပ် နိုင်​​တော့မှာလဲ။ ပွဲတိုင်း ရှုံး​နေ​​တော့မှာ​​ပေါ့။ တစ်ခါတစ်​လေ ​ကံ​​ကောင်းထောက်မလို့ သ​ရေပွဲလေး​တွေ နိုင်ပွဲလေး​တွေ​​တော့ ရှိမယ်၊ ရှားမယ်​​ပေါ့။

​ငွေသာ ​​ကောင်း​​ကောင်း မရှာနိုင်တာ ဝတ်ချင်စားချင်ကြွားချင် သုံးချင်ဖြုန်းချင်​တဲ့သူ​တွေဟာ ဒီ​အ​သင်းထဲက​​ပေါ့။ ခွေးဖြစ်ဖို့ ရှိပါတယ်။ ကြွေး​သံသရာထဲ နစ်ဖို့ ရှိပါတယ်။ ဝင်​ငွေ​​ကောင်းအောင် ကြိုးစားရမှာ ဖြစ်သလို ထွက်​ငွေနည်းအောင်လည်း ကြိုးစားရဦးမှာပါ။

ကြွေး​သံသရာက ငရဲကြီး (၄) ထပ် ​https://www.facebook.com/fireflypsk/posts/118751782796439

————————————
(၂) ဂိုးသွင်းညံ့ ​ခံစစ်​​ကောင်း
————————————

ကိုယ့်​အသင်းဘက်​ ဂိုးသွင်းမ​ခံရ​အောင် ​အထူး ဂရုစိုက်တယ်။ ​​ခံစစ် လူ​​ကောင်း​တွေသုံး ​​​နောက်တန်းမှာ လူများများသုံးထားပြီး တိုက်စစ်​အားနည်းတယ်​ပေါ့။ ခံစစ်​ကောင်း​တော့ ဂိုးမ​ပေးရတာများတယ်။ တစ်ခါတစ်​လေမှာ​တော့ ဂိုးမ​ပေးရ​အောင် ကြိုးစား​နေတဲ့ကြားက ဂိုးသွင်း​ခံရပြီး ရှုံးတတ်တယ်။ တစ်ခါတစ်​လေလည်း ကြက်​ကန်း​ဆန်အိုးတိုး ဂိုးရပြီး နိုင်သွားတတ်တယ်။ သ​ရေပွဲ​တွေ များပါတယ်။

ဝင်​ငွေနည်းပေ​မဲ့ ခြိုး​ခြံတတ်​တဲ့ သူ​တွေဟာ ဒီ ​အသင်းထဲမှာ ပါတယ်။ ရတဲ့ ဝင်​ငွေနည်း​နေတာကို သိတယ်။ ဒါ​​ပေမဲ့ ဝင်​ငွေပိုများလာ​အောင် မကြိုးစားပဲ ရတဲ့ ဝင်​ငွေ​လေးနဲ့ပဲ ​လောက်ငှ​အောင် ကြိုးစားတယ်။ မ​မျှော်လင့်တဲ့ ​ငွေကုန်​ကြေးကျ ကိစ္စ​တွေ​ပေါ်လာရင် ​ကြွေးတင်တတ်ပြီး ​အ​မွေ​လေးဘာ​လေးရ၊ ထီ​လေး ဘာ​လေး​ပေါက်ရင်​တော့ စုမိ​​ဆောင်းမိတတ်ပါတယ်။

​ငွေသခင်ဖြစ်အောင် ဝင်​ငွေပို​​ကောင်းဖို့ ကြိုးစားရဦးမှာပါ။

————————————
(၃) ဂိုးသွင်း​​ကောင်း ခံစစ်​​ညံ့
————————————

အသင်းမှာ တိုက်စစ်မှူး​တွေ ​အများကြီး သုံးပြီး ဂိုးများများ ရ​အောင် ကြိုးစားတယ်။ ​နောက်တန်း မလုံလို့ ဂိုး​ပေးရလည်း ​အ​​ကြောင်းမဟုတ်ဘူး၊ ဂိုးများတဲ့သူ ​အနိုင်ဆိုပြီး ဂိုးများများရ​အောင် ဖိသွင်းတယ်။ ဂိုးပြတ်နဲ့ နိုင်တဲ့ ပွဲ​တွေ ရှိသလို ​ဂိုး​တွေ ​အများကြီး သွင်း​နေနိုင်ပါလျက်နဲ့ နောက်တန်း မလုံလို့ ပေးဂိုးပိုများပြီး ရှုံးရတာလည်း ရှိပါတယ်။

လစာများတဲ့ ​ဝန်ထမ်း​တွေ၊ ကိုယ်ပိုင်စီးပွားရေး​နဲ့ ဝင်​ငွေ​​ကောင်း​တဲ့သူ​တွေ ဒီ ​အ​ဖွဲ့ထဲမှာ ပါ ပါတယ်။ ဒါ​ပေ​မဲ့ ခြိုး​ခြံ​ချွေတာမှုမရှိ​​တော့ ​​ငွေယိုပေါက်​တွေ များပါတယ်။ ငွေက ပို​တဲ့ ​အခါပို၊ လို​တဲ့​အခါလို​နဲ့ ​အ​နေမတတ်ရင် ကြွေးပတ်လည်ဝိုင်းပြီး ရသမျှ ကြွေးရှင်​တွေကို လုပ်ကျွေး​နေသလို ဖြစ်တတ်ပါတယ်။

​အချို့ကလည်း ရသမျှကုန်အောင် နောက်ဆုံး​​ပေါ် ပစ္စည်း​တွေ ဝယ်သုံးပြီး လူ​အထင်ကြီးအောင်​နေပါတယ်။ အိုစာမင်းစာ စု​​ဆောင်း ရင်းနှီးမြှုပ်​နှံရ​​ကောင်းမှန်း မသိပဲ နောက်ဆုံး​​ပေါ် အိုင်ဖုန်းလေး ကိုင်သုံး​၊ ကားသစ်လေး ဝယ်စီး နေနိုင်တာကိုပဲ ဟုတ်လှပြီ ထင်​နေကြသူ​တွေရယ်ပါ။ ​လူ​အထင်ကြီးစရာ ဘဝမှာ​​တော့ ​နေရပါ​ရဲ့၊ ငွေယိုပေါက်​တွေ​​ကြောင့် တစ်​​​နေ့ ဒုက္ခရောက်နိုင်​တဲ့ သူ​တွေပါ။

​ငွေသခင်ဖြစ်ချင်ရင်​​တော့ ​ချွေတာတတ်ဖို့ ကြိုးစားရဦးမှာပါ။ 

——————————————
(၄) ဂိုးသွင်း​​ကောင်း ​​ခံစစ်​​ကောင်း
——————————————

​ကျွန်​​​တော်တို့​အားလုံး မြန်မာ ​ဘောလုံး​အသင်းကို နိုင်​ငံတကာပွဲစဥ်​တွေမှာ ဒီလို ဂိုးသွင်း​​ကောင်း ​ခံစစ်​​ကောင်း​တဲ့ ​အသင်း​အဖြစ် မြင်ချင်သလို လူ​တွေ​အားလုံးကိုလည်း ​ငွေရေးကြေးရေးမှာ ဂိုးသွင်း​​ကောင်း ​ခံစစ်​​ကောင်း​တဲ့ သူ​တွေ ​အဖြစ် ကျွန်​​တော် မြင်ချင်ပါတယ်။

​​ရှေ့တန်းကလည်း ​​ဂိုးသွင်း​​​​ကောင်း ​နောက်တန်းကလည်း ​ခံစစ်လုံ​​တော့ နိုင်ပွဲများပြီး ရှုံးပွဲနည်းပါတယ်။

ဝင်​ငွေကလည်း ​​ကောင်း၊ ​ငွေကိုလည်း စိစစ်ပြီး သုံးတတ်မှ​​တော့ ဒီလူမှ ​ငွေသခင်မဖြစ်ရင် ဘယ်သူဖြစ်မလဲ။

ဝင်​ငွေ​​ကောင်းတယ်ဆိုတာကလည်း တစ်ယောက်​နဲ့ တစ်ယောက် သတ်မှတ်ပုံ မတူနိုင်ပါဘူး။ ​ငွေကြေး ​အကုန်​အကျ သက်သာ​တဲ့ ​နေရာမှာ ​နေပြီး ​ချွေတာတတ်​တဲ့သူ​တွေ​အတွက်က ​ဝင်​ငွေ ​အများကြီးမဟုတ်​​တောင် ရာခိုင်နှုန်း ​အ​​တော်များများကို စုမိ​နေရင် ဝင်​ငွေ​​ကောင်းတယ်လို့ ​ပြောလို့ရပါတယ်။

ဥပမာ ​မြန်မာပြည်မှာ တစ်လ ၁၀ သိန်းရ​နေရင် ဝင်​ငွေ​​ကောင်းတယ်လို့ ​ပြောလို့ရ​ပေ​မဲ့ ဥ​ရောပမှာ အဲလောက်ပဲရရင် ဝင်​ငွေနည်း​ ဆင်းရဲတဲ့သူပါ။ ​အချို့ နယ်​တွေမှာ ​ငွေ ၁ သိန်းလောက် ဝင်​ငွေရှိရင် တစ်ကိုယ်​ရေ တစ်ကာယ သမား​အတွက် ဝင်​ငွေ​​ကောင်းတယ်လို့ ​ပြောချင်​ပြောလို့ရ​ပေ​မဲ့ ​ရန်ကုန်မှာ​​တော့ အဲဒီ ဝင်​ငွေက နည်းတယ်လို့ ​ပြောလို့ရပါတယ်။

​အားလုံးပဲ ​မြန်မာ​ဘောလုံး ​အသင်း​နဲ့​အတူ ဂိုးသွင်း​​ကောင်း နောက်တန်းလုံ​တဲ့သူ​တွေ ဖြစ်ကြပါ​စေ ခင်ဗျာ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment