အဲဒီ့အကောင့် ဂျင်းအကောင့်။
လတ်တလော ခေတ်စားနေတဲ့ ဘဏ်အကောင့်လေးတစ်ခု ရှိပါတယ်။
ဘဏ်အကောင့်ထဲ ထည့်ထားတဲ့ငွေကို တစ်နှစ် ၃% အတိုးပေးတယ်။ အခြား ငွေစုအကောင့် အများစုက တစ်နှစ်ကို အတိုး ၈% ပေးနေချိန်မှာ အတိုး ၃% ပဲပေးတဲ့ အကောင့်က ဘာလို့ ရေပန်းစားနေရတာလဲ။
အဖြေကတော့ ဆုကြေးငွေ အစီအစဥ်ကြောင့်ပါ။ တစ်လတစ်ခါ မဲဖောက်ပေးတယ်။ အဲဒီ ဆုကြေးကိုပေါက်ရင် ဘဏ်ထဲမှာ ထည့်ထားတဲ့ငွေ နှစ်ဆတိုးသွားမယ်။ သိန်း ၂၀ ထည့်ထားပြီး ဆုကြေးပေါက်ရင် ဘဏ်ထဲမှာ နေ့ချင်းညချင်း သိန်း ၄၀ ဖြစ်လာမယ်ပေါ့။
ငွေထည့်ထားတာ ၆ လကျော်သွားရင် ဆုကြေး ၂ ဆ မဟုတ်တော့ပဲ ၃ ဆဖြစ်သွားပါသတဲ့။
ရုတ်တရက်ကြည့်ရင်တော့ သွားရည်ယိုစရာပေါ့။ ဘဏ်မှာအပ်ထား ဘဏ်တိုးစားပြီး ကိုယ့်ငွေတွေ နေ့ချင်းညချင်း ၂ ဆ ၃ ဆ ပွားလာနိုင်တဲ့ အခွင့်အရေး။
ပြောတဲ့သူတွေက ပြောကြပါတယ်။ ထီမပေါက်ရင်ကမှ ထီဖိုးရှုံးသေးတယ်တဲ့။ ဒီအကောင့်က အတိုး ၃% လည်းရနေတာဆိုတော့ အရှုံးမရှိတဲ့အပြင် ကံကောင်းရင် ၂ ဆ ၃ ဆ ရမှာမို့ ထီထိုးတာထက်တောင် ကောင်းသေးသတဲ့။
သူ့အရပ်နဲ့ သူ့ဇာတ်လိုက်ပါပေ့။ လောဘဟာ လူတွေရဲ့ ဆင်ခြင်တုံတရားကို ပျောက်ဆုံးစေပါတယ်။
ငွေရေးကြေးရေးပညာ အလုံးစုံကို ကျောင်းမှာ သင်မပေးပေမဲ့ သင်ပေးလိုက်တာလေးတွေတော့ ရှိပါတယ်။ ပေါင်းနုတ်မြှောက်စားတို့၊ အတိုးတွက်နည်းတို့၊ ရာခိုင်နှုန်းတို့၊ ကြီးစဥ်ငယ်လိုက်စီပါတို့ တတ်ထားရင်၊ သေချာတွက်ကြည့်ရင် ဒီအကောင့်ဟာ ဂျင်းအကောင့်ဆိုတဲ့ အဖြေထွက်မှာပါ။ သင်္ချာတွက်တတ်ရင် ဘဝအတွက် အဖြေမှားတွေတွက်ချက်မိတာမျိုးတွေကို ရှောင်နိုင်တာပေါ့။
ငွေ ၁၀ သိန်း ဘဏ်ထဲမှာ အပ်ထားတယ် ဆိုပါစို့။ တစ်နှစ် ၈% အတိုးနဲ့တွက်ရင် အတိုး ၈ သောင်းရမယ်။
ဒီဂျင်းအကောင့်နဲ့ဆို တစ်နှစ် ၃% အတိုးနဲ့ အတိုး ၃ သောင်းပဲရမယ်။ ပုံမှန် ဘဏ်အကောင့်နဲ့ယှဉ်ရင် အလကားနေရင်း တစ်နှစ် ၅ သောင်း ရှုံးနေပြီ။
အဲဒီ ၅ သောင်းကို တစ်လ ၄ ထောင်ဖိုး ထီထိုးရင်ကမှ သိန်း တစ်သောင်းခွဲ ပေါက်ဖို့ အခွင့်အရေးရှိသေးတယ်။ ဘဏ်က အပ်ငွေရဲ့ ၃ ဆထက် ပိုမပေးဘူး။ (ဥပမာ ပြောပြတာပါ။ ထီထိုးတာကိုလည်း အားမပေးပါဘူး။)
အောင်ဘာလေ https://www.facebook.com/fireflypsk/posts/134737584531192
ဆုကြေးအတွက် ပြန်ပေးတဲ့ငွေက ဘဏ်အပ်ထားငွေ စုစုပေါင်းရဲ့ ၂.၅% တဲ့။ ၃% ကို လူတိုင်းကို ပေးပြီး ၂.၅% ကို ဆုကြေးအနေနဲ့ မဲပြန်ဖောက်ပေးတာပါ။
ဒီတော့ ဘဏ်ဘက်က ပြန်ကြည့်ရင် အတိုး ၃% + ၂.၅% = ၅.၅% ပဲ အတိုးပေးတာပါ။ ပုံမှန် ၈% အတိုးထက် သူက ၂.၅% ဖြတ်စားသွားပြီ။ ဘဏ်အတွက် မြတ်တာပေါ့။
ရှုံးသွားတာက ငွေစုတဲ့ ပြည်သူတွေ။ ဆုကြေးမပေါက်ရင် ရတဲ့အတိုးက ၃%၊ ငွေကြေးဖောင်းပွမှုနှုန်းက ၈% ကျော်ရှိတော့ ရှုံးနေပြီ။ ဒါကိုမသိပဲ အရှုံးမရှိ၊ အမြတ်ပဲရှိတယ် လုပ်နေကြတုန်း။
စုမိတဲ့ ငွေ https://www.facebook.com/fireflypsk/posts/122287969109487
လောင်းကစား ဝါသနာပါတဲ့လူတွေ၊ ကံစမ်းချင်တဲ့လူတွေကို နားလှည့်ပြီး ပါးရိုက်နေတဲ့ မစင်ထုပ် ဘဏ်အကောင့်။ အဲဒီ မစင်ထုပ်ကို သွားဟပ်မိတဲ့ ကျွန်တော်တို့က ဘာကောင်တွေဖြစ်သွားပြီလဲ။
ဟုတ်ကဲ့ ဥပဒေ ဘောင်ထဲကနေ တရားဝင် လုပ်နေတာပါ။ ဟုတ်ကဲ့ အတိုး ၃% ပဲရကြောင်းကိုလည်းအတိအလင်း ကြေညာထားပါတယ်။ ဒီဘဏ်ကနေပဲ ဒီဂျင်းအကောင့်ကို မရွေးပဲ အခြား ဆုကြေးမပါတဲ့ သာမန် ငွေစုအကောင့်တစ်ခုကိုရွေးရင် အတိုး ၈% ပေးပါတယ်။ ဒီတော့ ဘဏ်က အပြစ်လွတ်ပါတယ်။ လိမ်ထားတာ တစ်ခုမှ မပါဘူး။ ပွင့်လင်းမြင်သာမှုရှိရှိ ရွေးချယ်ခွင့်ပေးထားပါတယ်။
ဒီအကောင့်ကို ရွေးမိလို့ ရသင့်သလောက်မရပဲ ဆုံးရှုံးသွားတာ ရွေးချယ်တဲ့ လူတွေရဲ့ အပြစ်လို့ပဲ ပုံချလိုက်ရမလား။
ဘာပဲဖြစ်ဖြစ် တာဝန်သိတဲ့ ဘဏ်ကြီး တစ်ဘဏ်အနေနဲ့ ဒါမျိုးတွေကို မလုပ်သင့်ဘူးလို့ ထင်ပါတယ်။ တွက်တတ်တဲ့သူတွရှိသလို မတွက်တတ်တဲ့သူတွေလည်း ရှိတာကြောင့် ဆုကြေးနဲ့ မျှားပြီး အတိုးလျှော့ပေးတာ တာဝန်သိရာ မရောက်ဘူးလို့ ခံစားရပါတယ်။
ဒါမျိုး မိမိလက်မခံပါ။
အဲဒီ့ဘဏ် ဂျင်းဘဏ်။ အဲဒီ့အကောင့် ဂျင်းအကောင့်။
ကျေးဇူးပါ။ ဟျောင့် ဂျင်းကောင်။
ထွီ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment