အဆိုတော်ကိုနေဝင်းက သူ့မိန်းမ ဗိုက်အောင့်လို့ ရေနွေးအိတ် ကပ်ပေးနေတဲ့ ပုံလေး လတ်တလောမှာ ခေတ်စားနေပါတယ်။
သူ့မိန်းမကို အရမ်းကို ဂရုစိုက်ကြင်နာတတ်ပြီး ရိုမန်းတစ်ဖြစ်နေလို့ ကြွေနေကြတာပါ။
ဒီကိစ္စနဲ့ ဆက်စပ်ပြီး လုပ်လို့ရတဲ့ ခါတော်မီ စီးပွားရေးလေးတစ်ခုကတော့ ရေနွေးအိတ် ရောင်စုံ ဒီဇိုင်းစုံ လှလှပပလေးတွေကို လိုင်းပေါ်မှာ ရောင်းဖို့ပါ။
ကိုယ့်ရည်းစား၊ ကိုယ့်မိန်းမအတွက် ဒီလို ရေနွေးအိတ်လေးတွေဝယ်ပြီး လက်ဆောင်ပေးတာဟာ ဘယ်လောက် ရိုမန်းတစ်ဖြစ်ကြောင်း၊ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာ အကြင်နာတွေကို သက်သေပြဖို့ လက်ဆောင်ကောင်းလေးသာဖြစ်ကြောင်း လူတွေ စိတ်ဝင်စားလာအောင် အနုအရွလေးတွေရေးပြီး လိုင်းပေါ်မှာ တင်ရောင်း။ ပို့စ်လေးကို boost လုပ်ပြီး လူသိများအောင် ကြော်ငြာလိုက်ရင် အလုပ်ဖြစ်နိုင်တာပေါ့။
ပြီးတော့ ခုလို ကာလမှာ ဒီရေနွေးအိတ်လေးတွေကို အိမ်တိုင်ရာရောက် ပို့ပေးလိုက်နိုင်ရင် အဆင်ပြေပြီ။
"ချစ်သူကိုကိုက ပို့ပေးလိုက်တဲ့ ရေနွေးအိတ်လေးပေါ့။ ရမ်းချစ်တယ်နော် ကိုကို။ မွမွ" ဆိုတဲ့ ပေါ်ပင်ပို့စ်လေးတွေကို ဓာတ်ပုံလေးတွေနဲ့ လိုင်းပေါ် ဝေဝေဆာဆာ တင်ကြတော့မှာ မြင်ယောင်မိပါရဲ့။ အဟဲ။
ဒါဆို မြန်မာပြည်အတွက် ရေနွေးအိတ်ဈေးကွက် ရှင်သန်လာတော့မှာပေါ့။
ဟုတ် ခါတော်မီ စီးပွားရေးလေးတစ်ခုပါ။ နောက်ကျရင်တော့ ကျန်ခဲ့မှာနော်။ အဟဲ။
ရေနွေးအိတ်ပို့စ် - https://www.facebook.com/100000166999133/posts/3587691311246400
Photo credit: Nay Win
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
▼
No comments:
Post a Comment