ဈေးဝယ်တဲ့အခါ မကုန်သင့်တာ မကုန်ရအောင် သတိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ကိုယ်ဝယ်ချင်တဲ့ ပစ္စည်း ဈေးနှုန်းမှန်မမှန် သိရအောင် ဆိုင် နှစ်ဆိုင်သုံးဆိုင်မှာ အရင်စုံစမ်းပါ။ အချို့ဆိုင်တွေက မတန်တဆ ဈေးတင်ရောင်းတတ်လို့ပါ။ ဝယ်နေကျ ဖောက်သည်ဆိုင်ဆိုရင်တောင် တစ်ဖြည်းဖြည်းနဲ့ မသိမသာလေး ဈေးတင်ရောင်းတာတွေ ရှိလာနိုင်တာကြောင့် ဈေးချင်း နှိုင်းယှဉ်လို့ရအောင် မကြာမကြာ အခြားဆိုင်တွေမှာ ဈေးမေးပါ။
(၂) ကိုယ် ရေရှည် ပုံမှန် ဝယ်သုံးနေကျ ဝယ်စားနေကျ ပစ္စည်းဟာ ဈေးကွက်မှာ လူကြိုက်များလာတာနဲ့ အမျှ တစ်ဖြည်းဖြည်း မသိမသာ ဈေးတက်လာတတ်ပါတယ်။ ဒီတော့ အဲဒီပစ္စည်းနဲ့ အရည်အသွေးတူညီပြီး ဈေးပိုသက်သာတဲ့ ပစ္စည်းမျိုးရှိမရှိ မကြာခဏ ရှာဖွေကြည့်သင့်ပါတယ်။
(၃) ကိုယ် အရမ်းလိုချင်နေတဲ့ ပစ္စည်းကို တွေ့ရင် ချက်ချင်းမဝယ်လိုက်ပါနဲ့ဦး။ ၃ ရက်လောက် စောင့်ပြီးမှ တစ်ကယ် လိုချင်စိတ်ရှိသေးရဲ့လား ပြန်ပြီး သုံးသပ်ပါ။ ခေါင်းအေးသွားမှ ဝယ်သင့်မဝယ်သင့် ဆုံးဖြတ်ပါ။
(၄) ဗိုက်ဆာနေတဲ့အချိန်မှာ စားစရာ အဝယ်မထွက်ပါနဲ့။ ဗိုက်ဆာနေတာကြောင့် လိုတာထက် ပိုဝယ်ဖြစ်တတ်ပါတယ်။
(၅) ဈေးမဝယ်ခင် အိမ်မှာ ဘာတွေကျန်နေသေးလဲဆိုတာ အရင် စစ်ဆေးပါ။ ရှိပြီးသား ပစ္စည်းတွေကို မဝယ်မိပါစေနဲ့။
(၆) ဈေးမဝယ်ခင် ကိုယ်ဝယ်စရာရှိတာတွေကို စာရင်း သေချာလုပ်ပြီးမှ စာရင်းအတိုင်း ဝယ်ပါ။ မလိုအပ်တဲ့အရာတွေကို ယောင်ပြီး မဝယ်မိတော့အောင်ပါ။
(၇) ဈေးဝယ်ထွက်တဲ့အခါ ငွေပိုတွေအများကြီး မယူသွားမိပါစေနဲ့။ ငွေများများ ယူသွားလေလေ၊ ပိုသုံးမိလေလေပါပဲ။
(၈) ငွေပေါလို့ စည်းမရှိ ကမ်းမရှိ လျှောက်ဝယ်တတ်တဲ့ သူတွေနဲ့ တူတူ ဈေးဝယ်မထွက်ပါနဲ့။ သူတို့ လျှောက်ဝယ်တာနဲ့ ကိုယ်ပါ ယောင်ပြီး လိုက်ဝယ်မိတတ်ပါတယ်။
(၉) ဈေးဆစ်ပါ။ (ဆင်းရဲတဲ့ ဟင်းရွက်သည်၊ ခေါင်းရွက်ဗျက်ထိုးသည်လေးတွေဆီကနေ ဆစ်ခိုင်းတာမဟုတ်ပါဘူး။ သူတို့ဆီကတော့ ခေါင်းပုံဖြတ်ပြီး မဆစ်ပါနဲ့။ တန်ရာတန်ကြေးပေးပါ။) ဆိုင်ကြီးဆိုင်ကောင်းနဲ့ အခန့်သားရောင်းနေတဲ့ ဆိုင်တွေကနေ ဈေးဆစ်ဖို့ ပြောတာပါ။ အချို့ဆိုင်တွေဟာ ဒီလို ဈေးဆစ်တတ်တဲ့သူတွေကို လျှော့ပေးဖို့အတွက် ရောင်းဈေးကို ပိုပြောတတ်ကြပါတယ်။ ဒီလိုဆိုင်မျိုးတွေမှာ အားနာလို့ ဈေးမဆစ်ရဲရင် ကိုယ်ပဲ ခံရမှာပါ။ အချို့ဆိုင်တွေ (ဥပမာ စူပါမားကတ်တွေ) ကတော့ တစ်ခွန်းဈေးနဲ့ ရောင်းတာမို့ ဈေးဆစ်လို့ မရတာကို သတိပြုပါ။
(၁၀) ပစ္စည်းတွေကို လျှော့ဈေးချတတ်တဲ့အချိန်တွေကို မှတ်ထားပါ။ (ဥပမာ သီတင်းကျွတ် ဈေးရောင်းပွဲတော် အထူးလျှော့ဈေး)
တာရှည်ခံတဲ့ ပစ္စည်းမျိုးတွေကို (ဥပမာ သွားတိုက်ဆေး) လျှော့ဈေးချတဲ့အချိန်ရောက်မှ များများဝယ်ထားပါ။
(၁၁) လျှော့စျေးချတယ်ဆိုတိုင်း ဝယ်သင့်တာမဟုတ်ပါဘူး။ အသုံးမလိုတဲ့အရာတွေကို ဘယ်လောက်ပဲ လျှော့ဈေးချချ၊ မဝယ်သင့်ပါဘူး။
(၁၂) အချို့ပစ္စည်းတွေက များများဝယ်ရင် (ဒါမှမဟုတ် အထုတ်ကြီးတာဝယ်ရင်) တွက်ချေပိုကိုက်ပါတယ်။ ငွေအလုံအလောက်ရှိရင်တော့ ဒီလိုအခြေအနေမျိုးမှာ တာရှည်ခံတဲ့ ပစ္စည်းမျိုးတွေကို များများဝယ်ထားတာ ပိုသက်သာပါတယ်။
(၁၃) ပစ္စည်းမဝယ်ခင် ပစ္စည်းရဲ့ သက်တမ်းကုန်ဆုံးရက်ကို အရင်စစ်ဆေးပါ။ သက်တမ်းမကုန်မီ သုံးလို့ကုန်မကုန် အရင် စဥ်းစားပြီးမှ ဝယ်ပါ။
(၁၄) အသုံးနဲ့ အဖြုန်းကို ခွဲခြားသိပါ။
အသုံးနဲ့ အဖြုန်း
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Thursday, October 29, 2020
ဈေးဝယ်တဲ့အခါ
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment