Thursday, October 29, 2020

ကိုကိုညီညီ ပ​ဟေဠိ

ဒီ​​နေ့​​တော့ ပ​ဟေဠိလေးတစ်ပုဒ်ကို ​အ​ဖြေညှိကြည့်ကြပါဦးစို့ခင်ဗျာ။

ကိုကို​နဲ့ ညီညီ အမြွာနှစ်ယောက်ရှိပါတယ်။

နှစ်ယောက်လုံး တစ်ချိန်တည်း​ဘွဲ့ရပြီး ​အသက်​ ၂၀ ​အရွယ်မှာ တစ်ချိန်တည်း ​အလုပ်ဝင်ကြတယ်​။ လစာလည်း တူတူပဲလို့ အလွယ် ယူဆကြပါစို့။

ကိုကိုက ရ​တဲ့ လစာ​ငွေ​ထဲက​နေ တစ်နှစ်ကို ၁၀ သိန်းစုပြီး ​ဘဏ်မှာ စာရင်း​သေ အပ်ထားပါတယ်။ ​အသက် ၂၀ ​အ​​ရွယ်က​နေ ​အသက် ၃၀ ​အရွယ်​အထိ ၁၀ နှစ်တိတိ ​ငွေစုပါတယ်။

ဘဏ်ထဲကို ​ငွေ​ထည့်​တဲ့​​အခါမှာလည်း တစ်နှစ်တစ်ခါရ​တဲ့​အတိုးကို ထုတ်မသုံးပဲ ​ငွေရင်းထဲ​ပြန်​ထည့်ပြီး ​ဘဏ်မှာပဲ စုပါတယ်။ တိုးရင်း​​ပေါင်း (နှစ်ထပ်တိုး) သ​ဘောမျိုး စုထားတာပါ။

​အသက် ၃၀ ​အရွယ်လည်း ရောက်​ရော လုံးဝထပ်မစု​​တော့ပါဘူး။ ​အရင်က ​ဘဏ်မှာစုထား​တဲ့​ငွေကိုပဲ ​ဘဏ်ထဲမှာ ဆက်​ထည့်ထားပါတယ်။ နှစ်စဥ် ​ရ​တဲ့​အတိုး​တွေကိုလည်း ​ဘဏ်မှာပဲ ​ပြန်အပ်ထားပါတယ်။ ​ဒီလို ​ထည့်ထားလိုက်ပြီး အသက် ၅၅ နှစ်ထိ ​ပြန်မထုတ်ပဲ ထားလိုက်ပါတယ်။

ညီညီက​​တော့ ဒီလိုမလုပ်ပါဘူး။ ​အသက် ၂၀ က​နေ ၃၅ နှစ်​အထိ ရ​တဲ့​ငွေကို ကုန်အောင် သုံးပစ်ပါတယ်။ ​အသက် ၃၅ နှစ်​အရွယ်ရောက်မှ ​ငွေစစုပါတယ်။ ​အသက် ၃၅ နှစ်က​နေ ​အသက် ၅၅ နှစ်ထိ တစ်နှစ်ကို ​ငွေ ၁၀ သိန်း စီ​ ဘဏ်မှာ စုပါတယ်။ ​ငွေကို ​ပြန်မထုတ်ပဲ တိုးရင်း​​ပေါင်းပြီး ​ပြန်​ထည့်ထားပါတယ်။

​ပြန်ကြည့်ရအောင်။

ကိုကိုက ​အသက် ၂၀ ​အရွယ်က​နေ ​အသက် ၃၀ ​အထိ တစ်နှစ် ၁၀ သိန်းစုတယ်ဆို​​တော့ ၁၀ နှစ်​အကြာ သိန်း ၁၀၀ ​ငွေရင်းစိုက်ထူထား​ခဲ့တယ်။ နောက်ပိုင်း ​ငွေထပ်မစုဖြစ်​​တော့ပါဘူး။ ​ဘဏ်ထဲက​ငွေကို အတိုး​ရော​အရင်းပါ ​ပြန်မထုတ်ပါဘူး။

ညီညီက​​တော့  ​အသက် ၃၅ အရွယ်က​နေ ​အသက် ၅၅ နှစ်အထိ တစ်နှစ် ၁၀ သိန်းစုတယ်ဆို​​တော့ နှစ်​ ၂၀ အကြာ သိန်း ၂၀၀ ​ငွေရင်းစိုက်ထူထား​ခဲ့တယ်။ အတိုး​ရော​အရင်းပါ ​ပြန်မထုတ်ပါဘူး။

ကိုကို ​ထည့်​ငွေ သိန်း ၁၀၀ (​အသက် ၂၀ မှာ ​ငွေ စ စုတယ်)။ ညီညီ ​ထည့်​ငွေ သိန်း ၂၀၀ (​အသက် ၃၅ မှာ ​ငွေ စ စုတယ်)။ နှစ်တိုင်း ​ဘဏ်ထဲမှာရှိ​နေ​တဲ့​ငွေ​အတွက် ​ဘဏ်တိုး ပုံ​မှန်ရ​နေတယ်။

တွက်ရလွယ်အောင် ​ဘဏ်​အတိုးနှုန်းဟာ တစ်နှစ် ၁၀% မ​​ပြောင်းလဲပဲရှိ​နေတယ်လို့ ယူဆကြပါစို့။

ကိုကို​နဲ့ ညီညီ ​အသက် ၅၅ နှစ်​ပြည့်​တဲ့​အခါ ​ဘဏ်မှာ ​​ငွေသွားထုတ်ကြတယ်။ ဘယ်သူ့ ​ဘဏ်ထဲမှာ ​ငွေ ပိုများ​နေမယ်လို့ ထင်ပါသလဲ။ ဘာ့​​ကြောင့်လဲ။

​အသက်ငယ်ငယ်​နဲ့ ​ငွေစစုဖြစ်​တဲ့ ကိုကို့မှာ ​ငွေပိုများ​နေမလား။ ​​နောက်မှ ​ငွေစုဖြစ်​ပေ​မဲ့ ငွေ ၂ ဆ စုဖြစ်​တဲ့ညီညီ့မှာပဲ ​ငွေပိုများ​နေမလား။ စဥ်းစားတွက်ချက်ကြည့်ကြပါဦးခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...