Wednesday, September 23, 2020

ဝင်-ထွက်​-ပိုင်-ကြွေး-ကြွယ်




လူတစ်ယောက်ဟာ ​ငွေသခင်ဖြစ်ဖို့ "ဝင်-ထွက်​-ပိုင်-ကြွေး-ကြွယ်" ဆက်စပ်မှု သ​ဘောတရားကို နားလည်ထားရပါမယ်။ ​ငွေရေးကြေးရေး အ​ခြေ​ခံ ​​သ​ဘောတရား​တွေပါ။

ဝင် - ဝင်​ငွေ
ထွက် - ထွက်​ငွေ (ပေး​နေရ​တဲ့ ​အတိုး​တွေ ​အပါ​အဝင်)
ပိုင် - ပိုင်ဆိုင်မှု ​ရွှေ​ငွေ ဥစ္စာဓန (အိမ်​ခြံ​မြေကား ​အပါ​အဝင်)
ကြွေး - ပေးစရာရှိ​တဲ့ ​အကြွေး
ကြွယ် - ​အသားတင် ကြွယ်ဝချမ်းသာမှု

(၁) ဝင်​ငွေဟာ ထွက်​ငွေထက် များ​တဲ့​အခါ ​ငွေပို ထွက်လာတယ်။ အဲဒီ ​ငွေပိုဟာ ပိုင်ဆိုင်မှုကို တိုးရင်တိုး၊ မတိုးရင် ​အကြွေးကို လျော့​စေပါတယ်။

ဝင် > ထွက် 🔜 ပိုင် ⬆️ (သို့) ကြွေး ⬇️

(၂) ထွက်​ငွေဟာ ဝင်​ငွေထက်များ​တဲ့​အခါ လို​ငွေပြလာတယ်။ အဲဒီ လို​ငွေကို ကာမိဖို့ ပိုင်ဆိုင်မှု​တွေ လျော့တာမျိုး ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ​အကြွေး​တွေကို ပိုတိုးလာ ​စေပါတယ်။ 

ထွက် > ဝင် 🔜 ပိုင် ⬇️ (သို့) ကြွေး ⬆️

(၃) လူတစ်ယောက်​ရဲ့ ​ငွေကြွေးဆိုင်ရာ ​အသားတင် ကြွယ်ဝမှုကို တွက်ချင်ရင် ပိုင်ဆိုင်မှု ​ရွှေ​ငွေ ဥစ္စာဓန ​တန်ဖိုးထဲက​နေ ပေးစရာရှိ​တဲ့ ​အကြွေး ကို နှုတ်ရပါတယ်။

ကြွယ် = ပိုင် - ကြွေး

ပိုင်ဆိုင်မှု ​ရွှေ​ငွေ ဥစ္စာဓန ​တန်ဖိုးဟာ ​အကြွေး​တွေထက်များ​နေမှ အသားတင် ကြွယ်ဝချမ်းသာမှုဟာ ​အ​​​​ပေါင်း လက္ခဏာပြ​နေမှာပါ။ ​အကြွေး​တွေက ပိုများ​နေရင်​​တော့ အ​​​​နှုတ် လက္ခဏာပြ​နေမှာ​​ပေါ့။

(၄) အသားတင် ကြွယ်ဝချမ်းသာမှုဟာ လစဥ် ထွက်​ငွေ​ရဲ့ ​အဆ ၃၀၀ ရှိရင် ​ငွေသခင်ဖြစ်ပါပြီ။

ကြွယ် = ထွက် (လစဥ်) x ၃၀၀ ➡️ ​ငွေ သခင်

၃၀၀ ရှိရင် ​ငွေသခင် 

(၅) ​အားလုံးခြုံကြည့်ရင် ဝင်​ငွေ​နဲ့ ထွက်​ငွေဟာ လူတစ်ယောက်​ရဲ့ ​​ငွေကြေး ​အနာဂတ်ကို ​ပြောပြ​နေပါတယ်။

ဝင်​ငွေက ပိုများ​နေရင် အနာဂတ်မှာ တ​ဖြည်း​ဖြည်း​နဲ့ တိုးတက်လာမယ်။ ထွက်​ငွေက ပိုများ​နေရင် ​တ​ဖြည်း​ဖြည်း​နဲ့ ဆုတ်ယုတ်လာမယ်။

ဆုတ်ယုတ်လာမှာကို မကြိုက်ရင်၊ တိုးတက်မှုနှုန်း နှေး​နေတယ်လို့ထင်ရင်​​တော့ ​ဝင်​​​ငွေကို တိုးအောင်၊ ထွက်​ငွေကို လျော့အောင် ကြိုးစားရပါမယ်။

ဒါဟာ "ဝင်-ထွက်​-ပိုင်-ကြွေး-ကြွယ်" အ​ခြေ​ခံ ​​သ​ဘောတရားပါပဲ။

ဒီ​​နေ့​​တော့ ကိုယ့်​ရဲ့ ​​​ငွေကြေးဆိုင်ရာ အသားတင် ကြွယ်ဝချမ်းသာမှု ဘယ်လောက်ရှိပြီလဲဆိုတာ တွက်ကြည့်ကြပါဦးစို့ ခင်ဗျာ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment