Monday, September 28, 2020

ရင်းမြှုပ်မလား ဈေးကစားမလား

ရင်းနှီးမြှုပ်​နှံတာ​နဲ့ ဈေးကစားဝယ်​​ရောင်းလုပ်တာ နှစ်ခု မတူကွဲပြားပုံကို ရှင်းပြပါရ​စေ။

ရင်းနှီးမြှုပ်​နှံတာကို "ရင်းမြှုပ်​"၊ ဈေးကစား ဝယ်​​ရောင်းလုပ်တာကို "ဈေးကစား" လို့ ​အတိုကောက်သုံးထားပါတယ်။

(၁) ရင်းမြှုပ်တဲ့​အခါ ​ငွေကို ​ရေရှည်​ ထည့်မြှုပ်ထားပြီး ​ရေရှည်​ အကျိုး​အမြတ်ကို ကြည့်ပါတယ်။ ဈေးကစား​တဲ့​အခါ ​ရေတို​အကျိုး​အမြတ်ကို ကြည့်ပါတယ်။

(၂) ရင်းမြှုပ်​တဲ့​အခါ ​​အရှုံး​အမြတ် မကြမ်းပါဘူး။ ပုံ​မှန်ပဲ သွားပါတယ်။ ငွေဆုံးရှုံးနိုင်​ခြေ နည်းပါတယ်။ ပျင်းစရာ​​ကောင်းပါတယ်။ ဈေးကစား​တဲ့ ​အခါ ​အရှုံး​အမြတ်ကြမ်းပြီး ရင်ခုန်ရင်တုန်ဖို့ ​​ကောင်းပါတယ်။ ​ငွေဆုံးရှုံးနိုင်​​ခြေ များပါတယ်။

ပျင်းလိုက်တာ www.facebook.com/fireflypsk/posts/279321786739437/

(၃) ရင်းမြှုပ်​တဲ့​အခါ ​အများ​အားဖြင့် ကိုယ့်​ငွေ​နဲ့ကိုယ် ရင်းမြှုပ်ကြပါတယ်။ ဈေးကစား​တဲ့​အခါ ​အများ​အားဖြင့် ​ကိုယ့်​ငွေ​နဲ့​ရော ငွေချေးပြီးပါ ကစားကြပါတယ်။

(၄) ရင်းမြှုပ်​တဲ့သူ​တွေဟာ ​ငွေမ​ထည့်ခင် သတိရှိရှိ​နဲ့ ​​​အချက်​အလက်​တွေကို သေချာ စူးစမ်း​​လေ့လာပြီးမှ ဆုံးဖြတ်ချက် ချတတ်ပါတယ်။ ဈေးကစားသူ​တွေက​​တော့ ချဲတွက်နည်း​ဆန်​ဆန် ​​ဖော်မြူလာ​တွေ သုံးတတ်တာ​တွေရှိသလို စိတ်​ခံစားမှု​၊ လောဘ​နဲ့ စိတ်ထင်ရာ​တွေကို ဦးစားပေးပြီး မဆင်မခြင် ​ငွေ​ထည့်တတ်တာ​တွေ ရှိပါတယ်။

(၅) ရင်းမြှုပ်​​တဲ့​အခါ ဈေးကွက်​အ​ခြေ​အ​နေ​​ကြောင့် ယာယီ​အရှုံး​​ပေါ်​နေတာကို မမှုပဲ ​ငွေကို ဆက်​ထည့်ထားနိုင်ပါတယ်။ ​​​​​သေချာနားလည်တွက်ချက်ထားပြီးပြီဖြစ်လို့ ရေရှည်မှာ မြတ်မယ်ဆိုတာကို ယုံကြည်မှုရှိသလို ရှုံး​နေ​တဲ့​အချိန် ထုတ်​​ရောင်းရလောက်အောင် ​ငွေမလို​ပြန်ပါဘူး။ ဈေးကစား​တဲ့​သူ​တွေက​​တော့ ကြာရှည်​​တောင့်မ​ခံနိုင်ပါဘူး။ ရှုံး​နေ​တဲ့​အခါ ရေရှည်​ငွေမြုပ်​နေတာမျိုးကို လက်မ​ခံနိုင်တာမို့ ​အရှုံး​ခံ ​​ရောင်းထုတ်ရတတ်ပါတယ်။

(၆) ရင်းမြှုပ်​တဲ့​အခါ ဝယ်​တဲ့ဈေးဟာ ပကတိ တန်ဖိုးထက် နည်း​နေတတ်ပါတယ်။ ​ဝယ်လိုက်ကတည်းက ​အမြတ်ထွက်​နေပါပြီ။ ဈေးကစား​တဲ့​အခါ ဝယ်ဈေးဟာ ပကတိ တန်ဖိုးထက် များ​နေလည်း နောက်လည်း ဈေးတက်ဦးမှာပဲဆို​တဲ့ မျှော်လင့်ချက်​နဲ့ ဈေးကစားပြီး ဝယ်ပါတယ်။

(၇) ပကတိ​တန်ဖိုးဟာ ပေါက်ဈေး​နဲ့ မတူ​ပြန်ပါဘူး။ ​(တူ​တဲ့​အခါလည်း တူပါတယ်။) ဝယ်လို​အား​နဲ့ ​​ရောင်းလို​အား ​အ​ခြေ​အ​နေ​တွေ​​ကြောင့် အချို့​အချိန်​တွေမှာ ပေါက်ဈေးဟာ ပကတိ​တန်ဖိုးထက်များ​နေတတ်ပါတယ်။ အဲဒီ​အချိန်မျိုးမှာ ရင်းမြှုပ်​တဲ့သူ​တွေ လက်​​ရှောင်တတ်ပြီး ဈေးကစား​တဲ့သူ​တွေ ​ကြိုက်ကြပါတယ်။ အချို့​အချိန်​တွေမှာ ပေါက်ဈေးဟာ ပကတိ​တန်ဖိုး​အောက် နည်း​နေတတ်ပါတယ်။ ဈေး​အကျပိုင်း​​ပေါ့။ အဲဒီ​အချိန်မျိုးမှာ ရင်းမြှုပ်​တွေ ဝယ်တတ်ကြပါတယ်။ (ပစ္စည်းတစ်ခု၊ စ​​​​တော့ရှယ်ယာလက်မှတ် တစ်​​စောင်၊ ​ခြံတစ်ကွက်၊ စပါး၊ ပဲ စတာ​တွေ​ရဲ့ ပကတိ​တန်ဖိုးကို သိအောင်​​လေ့လာတတ်တာ ရင်းမြှုပ်​တွေ​ရဲ့ ပညာပါပဲ။)

ငပိန်းဖမ်း သီအိုရီ https://www.facebook.com/fireflypsk/posts/140133673991583

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment