Sunday, November 1, 2020

ကိုသီဟသို့ အိတ်ဖွင့်ပေးစာ




ကိုသီဟ ခင်ဗျား

ကျွန်​​တော်ရေးထား​တဲ့ "မင်းသား​ယောင်​ဆောင်​ထားတဲ့ ဘီလူး" ​​ပို့စ်လေး​ရဲ့ ​အောက်မှာ မှတ်ချက်​တွေ ပေးထားတာ ​​တွေ့လို့ ဒီ အိတ်ဖွင့်ပေးစာကို ရေးရပါတယ်။

ကိုသီဟက ​အ​ပြော​နဲ့မဟုတ်ပဲ ​အလုပ်​နဲ့ပဲ သက်​သေပြချင်တယ်လို့ ​ပြော​ခဲ့တယ်​​နော်။ ဟုတ်​ကဲ့။ ကျွန်​​တော့်ကို ​အလုပ်​နဲ့ သက်​သေပြပေးပါ။ ​အောက်မှာရေးထား​တဲ့ ​အချက်လေး​တွေကို လုပ်ပြပေးပါ။ ကိုသီဟဟာ လူလိမ်မဟုတ်ပဲ ​အ​မှန်​အ​ကန် သမာအာဇီဝကျကျ ​အလုပ်လုပ်စား​နေတယ်လို့ ကျွန်​​တော့်ကို ယုံကြည်အောင် ​အောက်မှာ ​​တောင်းဆိုထား​တဲ့ ​အချက်​တွေကို သက်​သေပြနိုင်ရင် ကျွန်​​တော် ကိုသီဟကို ဒီ​​ပေ့ချ်က​နေ လူသိရှင်ကြား​ ပြန်​​တောင်း​ပန်ပါ့မယ်။

———————————
(၁) ​အ​​ကောင့်တု ပြဿနာ
———————————

ကိုသီဟ​ရဲ့ လက်ရှိ ​အ​​ကောင့်ဟာ ​နိုင်​ငံခြား မင်းသားပုံကို ကိုယ့်ပုံလိုလို​နဲ့ ပုံမှားရိုက်ထား​တဲ့ အ​​ကောင့်တုကြီးလို့ ကျွန်​​တော် စွပ်စွဲ​ခဲ့ပါတယ်။ ဒါကို ​အရင် ​ဖြေရှင်းပေးပါ။

ကိုသီဟဆို​တဲ့ နာမည်​​တောင် ​အ​မှန် ဟုတ်​ရဲ့လား။

ဒီ​​​​တော့ ​အ​​ကောင့်တု မဟုတ်ဘူးဆိုရင် ​အ​​ကောင့်​အ​နေ live လွှင့်ပြပါ။ စကား​ပြောပြပါ။ မှတ်ပုံတင် ​​ထောင်ပြပါ။ မှတ်ပုံတင် ​နံပါတ်​အချို့​နဲ့ မွေး​​နေ့ကို ကိုယ်ရေးကိုယ်တာ ​အချက်​အလက်မို့ ကွယ်ထားလို့ရပါတယ်။ ​အဓိက က ​အပြင်ကရုပ်ရယ်၊ မှတ်ပုံတင်ထဲက ရုပ်ရယ်၊ နာမည်ရယ်ကို ဟုတ်မဟုတ် ​အတည်ပြု စစ်ဆေးချင်တာပါ။ (ကိုသီဟဆီမှာ ​ငွေ​ထည့်ထား​တဲ့သူ​တွေကို​​တော့ မှတ်ပုံတင်​နံပါတ်ကို ပေးထားပါ။ ဒါမှ လိမ်ပြေးရင် သူတို့ ရဲတိုင်လို့ရမှာ။)

Live လွှင့်​နေရင်း နောက်တစ်ဆင့်​အ​နေ​နဲ့ အဲဒီ မှတ်ပုံတင်ထဲမှာပါ​တဲ့ နာမည်​နဲ့ SFU၊ MIU၊ King’s Business Club တို့မှာ ​​ကျောင်းတက်ဖူး​တဲ့ ​အ​​ကြောင်း ​စာရွက်စာတမ်း အထောက်​အထားပြပါ။ ကိုသီဟ​ရဲ့ ​အ​​ကောင့်မှာ ဒီ​​ကျောင်း​တွေ တက်ထားဖူးတယ်လို့ ရေးထားတာကိုး။ နာမည်​အရင်း သိရတာ​နဲ့ အဲဒီ university ​တွေကို ဆက်သွယ်ပြီး ကိုသီဟ ဒီ​​ကျောင်း​တွေမှာ တစ်ကယ်တက်​ခဲ့လား မတက်​ခဲ့လား စုံစမ်းလို့ ရပါတယ်။

လူလိမ်​​တွေဟာ ဒီလိုပဲ ​အ​​ကောင့်တု​တွေ​နဲ့ လှုပ်ရှားတတ်ပါတယ်။ ​အ​​ကောင့်တု​နဲ့ စာဖတ်တာ၊ မှတ်ချက်ဝင်ရေးတာကို ဘာ​မှ မ​ပြောလို​ပေ​မဲ့ ​အ​​ကောင့်တု​နဲ့ ​ငွေ​ထည့်ဖို့ ဖိတ်​​ခေါ်ရင်​​တော့ လူလိမ်လို့ပဲ ​ပြောပါရ​စေ။

ကျွန်​​တော်လည်း ကိုယ်ထင်မပြပဲ ​​ပေ့ချ်​​ထောင်ထားတာပဲလို့ ကပ်မ​ပြောပါ​နဲ့။ ကျွန်​​တော် ဘယ်သူ့ဆီကမှ ​ငွေယူထားတာ မရှိပါဘူး။ ​အသိပညာ မျှ​ဝေ​နေတာပါ။ ဒါ​​ကြောင့် ကျွန်​​တော် မျက်နှာပြတာ မပြတာက ​အရေးမကြီးပဲ သူများ​တွေဆီက ​ငွေယူထား​တဲ့ ကိုသီဟက​​တော့ မျက်နှာပြဖို့၊ ​အရေးကြီးပါတယ်။

မျက်နှာပြပြီး​​တော့ ​​ပြောင်လိမ်​​ပြောင်စား​တွေများလှ​တဲ့​ခေတ်မှာ မျက်နှာ​​တောင် မပြပဲ ​ငွေလိုက်​​တောင်း​နေ​တဲ့လူက ဘယ်လိုလူမျိုးဖြစ်မလဲ စဥ်းစားကြည့်​​ပေါ့ ခင်ဗျာ။

—————————————
(၂) ​လုံလောက်​တဲ့​အချိန် တစ်ခု
—————————————

ကိုသီဟက "လကုန်အထိ ဒီ အကောင့်ကို ဆက်စောင့်ကြည့်ပါဦးခင်ဗျာ၊ ဒါကြောင့် အားလုံးအတွက်အဖြေက ဒီလကုန်လာမယ်" လို့ ​ပြောတယ်​​နော်။

ဒီလကုန်မှာ ​အမြတ်ပြနိုင်ပြီး ​ငွေအပ်ထား​တဲ့သူ​တွေ​အတွက် ​အမြတ်​တွေ ခွဲ​ဝေပေးနိုင်ရင်ပဲ ကျွန်တော်က ကိုသီဟကို လူလိမ်မဟုတ်ဘူးလို့ ​အသိ​အမှတ် ပြုပေးရမယ်​​ပေါ့။ ဟဟ။ ဒါ​တွေ ​တောမှာ သွား​ပြောပါ။

လကုန်လို့ ​အမြတ်​တွေပေးနိုင်တာ​နဲ့ပဲ ကျွန်​​တော်က ​​တောင်း​ပန်ရမ​တဲ့လား။ ဟဟပဲရမယ်။ ကိုသီဟ လူလိမ်ဟုတ်မဟုတ် ကျွန်​​တော်က ၂ နှစ် ​​စောင့်ကြည့်မှာပါ။

နိုင်​ငံတကာမှာ လူလိမ်​တွေဟာ နှစ်​နဲ့ချီပြီး လိမ်ကြတာ။ ​အချို့ဆို နှစ် ၂၀ ​​ကျော်ကြာ​တဲ့​အထိ ​အလိမ်မ​​ပေါ်အောင် ပိပိရိရိ လိမ်ကြတာ။ မယုံရင် Google မှာ “Madoff scam” ဆိုပြီး ရှာကြည့်လိုက်ပါ။

"လူ​အချို့ဆီက ​ငွေလည်း ရပြီ။ လိမ်ချင်ရင် ​အ​​ကောင့်ပိတ်၊ ဖုန်းပိတ်လိုက်​​တော့မှာ​​ပေါ့" လို့ ​ပြောချင်သေးလား။ ​

ဒီလို လုပ်လိုက်ရင် နည်းနည်းပဲ စားရမှာ​​ပေါ့။ ​အချီကြီး စားချင်​တဲ့သူ​တွေက ချူဆီလေး​အရင်​ထည့်တယ် ခင်ဗျ။

​အရင်ဆုံး လူ​အနည်းစုကို သိမ်းသွင်းမယ်။ ​အမြတ်​ငွေ​တွေ ​အရင်ခွဲပေးမယ်။ ဒါ ပထမ ​အဆင့်ပဲ။

ဒီလိုခွဲပေးလိုက်တာ​နဲ့ လူ​တွေက ယုံလာကြပြီ။ ​ငွေ​ထည့်ချင်​တဲ့ လူပိုများလာပြီ။ ​ငွေ​တွေ​အများကြီး ​ထည့်ချင်​တဲ့ သူ​တွေရှိလာပြီ။

ဒီလိုဖြစ်လာ​​တော့မှ နောက်ထပ်ရောက်လာ​တဲ့ လူ​တွေဆီက ​ငွေ​တွေ​နဲ့ ​အရင်လူ​တွေကို ​အမြတ်​အ​နေ​နဲ့​ပြန်ခွဲပေးမယ်။ ဒါ ပွန်ဇီ လိမ်ကွက်ပဲ။ ​အချီကြီး လိမ်စားကြ​တဲ့ လူ​တွေ​ရဲ့ ​အကွက်။

ပွန်ဇီလိမ်ကွက် မဟုတ်ပါဘူးလို့ ကျွန်​​တော်ယုံအောင် သက်​သေပြချင်လား။ လွယ်လွယ်လေးပါ။ ​အရင်ဆုံး ကိုသီဟဆီမှာ ​ငွေ​ထည့်ထား​တဲ့ ၁၅ ယောက်​ရဲ့ ​အ​​ကောင့်​တွေကို ပွင့်လင်းမြင်သာမှုရှိအောင် စာရင်းချပြပါ။ ၂ နှစ်​အတွင်း ဒီ ၁၅ ယောက်​အပြင် လူသစ် ထပ်မ​​ခေါ်ပါ​နဲ့။ ဒီလူ ၁၅ ယောက်ကိုလည်း မူလ​ထည့်ထား​တဲ့ ငွေရင်း တစ်သိန်းခွဲကလွဲလို့ ထပ်မ​ထည့်ခိုင်းပါ​နဲ့။ ​လစဥ်​အမြတ် ပုံ​မှန်ထုတ်ပေးပါ။ အမြတ်​ငွေ​တွေ​နဲ့ ဒီ​အမြတ်​ငွေ​တွေ ဘယ်လိုရလာသလဲဆို​တဲ့ စာရင်း​အသေးစိတ်ကို ပွင့်လင်းမြင်သာအောင် ပုံ​မှန် ရှင်းတမ်းထုတ်ပါ။

ဒီ ၂ နှစ်​အတွင်း ကျွန်​​တော် ​​စောင့်ကြည့်မယ်။ ကိုသီဟ ​အ​နေ​နဲ့ လူသစ်ထပ်​​ခေါ်တယ်၊ ​ငွေထပ်​​တောင်းတယ်ဆိုရင် ဒါဟာ ပွန်ဇီလိမ်ကွက်​နဲ့ ကွက်တိပဲမို့ လူလိမ်လို့ပဲ ​ပြောပါရ​စေ။ ငွေ​ထည့်ချင်​တဲ့လူ​အယောက် ၅၀ ထဲက​​နေ ၁၅ ယောက်ပဲ လက်​ခံတာလို့  ကိုသီဟ ကိုယ်တိုင်​ပြော​ခဲ့တာ​​နော်။ ဒီ လက်ရွေးစင် ၁၅ ယောက်​နဲ့ပဲ၂ နှစ်တိတိ ​​ရှေ့ဆက်သွားပြပါ။

တစ်လလောက်​နဲ့ တက်မလာ​နဲ့၊ တောက်ချပစ်လိုက်မယ်။ ၂ နှစ်လောက် သက်​သေပြနိုင်မှ ယုံမယ်။ ဒီကြားထဲ လူသစ် ထပ်မ​​ခေါ်ကြေး၊ ​ငွေထပ်မ​​တောင်းကြေး​​နော်။ လူသစ်ထပ်​​ခေါ်ပြီး ​ငွေ​တွေထပ်ရ​နေရင်​​တော့ ပွန်ဇီလိမ်ကွက်​နဲ့ နှစ်​​ပေါင်းများစွာ လုပ်စား​​နေလို့ရတယ်။

——————————
(၃) လုပ်ငန်း ​အ​​ကြောင်း
——————————

ဒီလုပ်ငန်းမျိုးက ​ငွေ ဒီလောက်ရနိုင်တယ်ဆိုတာကို ကျွန်​​တော် မယုံပါဘူး။ ဒီလို လုပ်ရည်ကိုင်ရည်ရှိ​တဲ့သူ​တွေဟာ ​အ​​ကောင့်တု​နဲ့ မဆွယ်ပါဘူး။ ကုမ္ပဏီ​​အ​နေနဲ့ တင့်​​တောင့်တင့်တယ် ရှိ​နေမှာပါ။

ဒီ​​ပေ့ချ် CB ဖွင့်ထားပါတယ်။ ကျွန်​​တော့်ကို ဆက်သွယ်ပြီး လာရှင်းပြပေးဖို့ ဖိတ်ခေါ်ပါရ​စေ။ လူ​တွေ​အများကြီးကို တစ်ယောက်ချင်းစီ စိတ်ရှည်လက်ရှည် ရှင်းပြပေးနေတယ်လို့ ကိုသီဟ ​ပြော​ခဲ့တာပဲ။ ကျွန်​​တော့် တစ်ယောက်ကို ပိုရှင်းပြရ​​တော့​​ရော ဘာ​အရေးလဲ။

ကျွန်​​တော်က နှိုက်နှိုက်ချွတ်ချွတ် မေးမှာပါ။ ဂဃနဏ မ​ဖြေနိုင်ရင်​​တော့ လူလိမ်လို့ပဲ သတ်မှတ်ရပါလိမ့်မယ်။ ​ရေရာ ​သေချာ​တဲ့ လုပ်ငန်းဆို ကျွန်​​တော်ကိုယ်တိုင် ​ငွေ​ထည့်ပါမယ်။ ကျွန်​​တော် ကိုသီဟဆီမှာ ​ငွေ​ထည့်ထား​​ကြောင်းကိုလည်း ဒီ​​ပေ့ချ်မှာ ​အားလုံးသိအောင် ​ကြေညာ​​မောင်းခတ်ပေးပါ့မယ်။

——————
(၄) စိန်​​ခေါ်ပြီ
——————

​ကဲ တည့်ပဲ စိန်​​ခေါ်ပါရ​စေ။ ကျွန်​​တော့် ​​ပေ့ချ်ကို ဝင်ဖတ်​နေ​တဲ့ လူ​တွေကို ကိုသီဟ​ရဲ့ လူ​​ခေါ် ပို့စ် နှစ်ခုကို လမ်းညွှန်ပေးပါ့မယ်။ သူတို့ ယုံရင် သူတို့ ​ငွေ​ထည့်ကြလိမ့်မယ်။

(ကဲ စာဖတ်သူများခင်ဗျာ။ ဒီမှာ ကိုသီဟ ဆို​တဲ့လူက ​​ငွေ​ထည့်ပါလို့ လိုက်ဆွယ်​နေတယ်။ ချင့်ချင့်ချိန်ချိန် သေချာဖတ်ကြည့်ပြီး ယုံသင့် မယုံသင့် ဆုံးဖြတ်ကြပါ။ သူ​ရဲ့ ပို့စ် နှစ်ခုက ဒီမှာပါ။ ယုံရင်လည်း ငွေ​ထည့်ချင်​​ကြောင်း၊ မယုံရင်လည်း မယုံ​တဲ့​အ​​ကြောင်းကို ကိုသီဟ​ရဲ့ပို့စ်​တွေ​အောက်မှာ သွားဝင်ရေးပေးကြပါဦး ခင်ဗျာ။)

1. https://www.facebook.com/groups/276550812855372/permalink/848756725634775/

2. https://www.facebook.com/100034090971743/posts/252108502602180

(​အ​​ကောင့် https://www.facebook.com/profile.php?id=100034090971743)

ကဲ ကိုသီဟ​ရေ ကျွန်​​တော်က​​တော့ ပွင့်လင်းမြင်သာမှုရှိအောင် ကိုသီဟ​ရဲ့ ပို့စ်လေး​တွေကို ​​လမ်းညွှန်ပေးပြီးသွားပြီ။

သွေးမနည်းဘူးဆိုရင် ကျွန်​​တော်ရေးထား​တဲ့ ပို့စ်နှစ်ခု (ဒီပို့စ်ရယ်၊ "မင်းသား​ယောင်​ဆောင်​ထားတဲ့ ဘီလူး" ပို့စ်ရယ်) ကို ကိုသီဟ​ရဲ့ ​အသိုင်း​အဝိုင်းက လူ​တွေ ပွင့်လင်းမြင်သာမှုရှိ​​ရှိ မြင်ရအောင် ကိုသီဟ ရေးတင်​တဲ့ ပို့စ်ထဲမှာ link လေး​တွေ​ထည့်ပြီး ရေးရဲလားလို့ တိုက်ရိုက် စိန်​​ခေါ်ပါရ​စေ။

​​တော်သေးပြီ။ (ဒါ​​တောင် ဒီလို ရှယ်ယာ​​ခေါ်တာမျိုးက တရားမဝင်​​ကြောင်း၊ တိုင်လို့ရ​​ကြောင်း မ​ပြောရသေးဘူး။)

လူ​အချင်းချင်း ​လှည့်ပတ်ခြင်း ကင်းရှင်းကြပါ​စေ။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...