Thursday, October 29, 2020

ဈေးကွက်ပျက်​တဲ့​အခါ

ကိုဗစ်-၁၉ ဗိုင်းရပ်စ်​​ကြောင့် စီးပွားရေးထိခိုက်မှု​တွေ ​နိုင်​ငံတကာမှာ​ရော ​မြန်မာနိုင်​ငံမှာ အနည်း​နဲ့​အများရှိ​နေပါတယ်။ ကုန်ထုတ်လုပ်ရေး၊ ​​ရောင်းဝယ်ဖောက်ကားရေး​နဲ့ ခရီးသွားလုပ်ငန်း​တွေကို ထိခိုက်မှု​တွေ ရှိ​နေပါတယ်။

ဒီကြားထဲ ​​​ရေ​နံဈေးကွက်မှာ ​​​အပြိုင်​အဆိုင် ဈေး​လျှော့​​ရောင်း​နေတာ​​ကြောင့် ​ရေ​နံဈေး​တွေ ထိုးကျ​နေပါတယ်။ ​​ဒေါ်လာဈေးကွက်၊ စ​​တော့ရှယ်ယာ ဈေးကွက်​တွေလည်း မတည်မငြိမ်ဖြစ်​နေပါတယ်။

ဈေးကွက်​အ​ခြေ​အ​နေက ခန့်မှန်းလို့မရ​တဲ့​အ​ခြေ​အ​နေပါ။ မကြာခင် ဗိုင်းရပ်စ်​​ ကာကွယ်ဆေး ရှာ​ဖွေ​​တွေ့ရှိသွားလို့ စီးပွားရေး ပုံ​မှန်​ပြန်ဖြစ်သွားနိုင်သလို ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုနှုန်း​နဲ့ ​အ​သေ​အပျောက် ပိုများလာလို့ စီးပွား​ရေး​အ​​ခြေ​အ​နေ ဒီ့ထက် ပိုဆိုးသွားတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

ကျွန်​​တော်လည်း ​အနာဂတ်ကို ကြိုမမြင်နိုင်တာ​​ကြောင့် ဘယ်လိုဖြစ်လာမလဲဆိုတာ မခန့်မှန်းနိုင်ပါဘူး။ ​

ဗိုင်းရပ်စ်ကိစ္စကို အရမ်းကြီး ​အဆိုးမြင်လွန်းပြီး ကြောက်ဒူး​တွေတုန်၊ ဘယ်မှမထွက်​ဝံ့တာမျိုး မဖြစ်သင့်ပါဘူး။ ​အလားတူ ဘာမှမဖြစ်သလို ပေါ့​​ပေါ့ဆဆ​​နဲ့ လူထူထူ ပွဲလမ်းသဘင်​တွေကြား ​အ​​ပျော်ကြူးတာမျိုး​တွေကိုလည်း ​​ရှောင်သင့်ပါတယ်။ ​ရောဂါ မကူးစက်အောင် ​​ကာကွယ်သင့်တာကို သတိ​နဲ့ ကာကွယ်ပြီး ​အလယ်​အလတ်လမ်းကို လိုက်သင့်ပါတယ်။

ဘာပဲဖြစ်ဖြစ် ကျွန်​​တော်တို့ တစ်သက်မှာ ​အနည်းဆုံး တစ်ခါ​​တော့ ဈေးကွက်ပျက်တာမျိုး၊ စီးပွားရေး ကမောက်ကမ ဖြစ်တာမျိုး၊ ကပ်ဆိုးဆိုက်တာမျိုး တစ်ခုမဟုတ်တစ်ခု ​​ကြုံ​​တွေ့ကြရစမြဲပါ။ 

ဒါမျိုးဖြစ်လာ​တဲ့​အခါ လက်​ထဲမှာ စုထား​တဲ့ ​ငွေမရှိ​တဲ့​အခါ ​အခက်ကြုံရတတ်ပါတယ်။ ဒါ​​ကြောင့် လည်း ​အခွင့်​အရေးရှိတုန်း ​ငွေကို ကြိုးစားရှာဖို့၊ချွေတာဖို့၊ ​ငွေစုဖို့၊ ​အရေး​​ပေါ်​ရန်ပုံ​ငွေ ပြင်ဆင်ထားဖို့၊ ရင်းနှီးမြှုပ်​နှံဖို့ တိုက်တွန်း​တဲ့စာ​တွေ ရေး​​နေတာပါ။

ဈေးကွက်ပျက်​တဲ့​အခါ ​ပြင်ဆင်မထား​တဲ့ သူ​တွေ​အတွက် ဘဝပျက်နိုင်ပြီး ကြိုတင် ပြင်ဆင်ထား​တဲ့ သူ​တွေ​အတွက်​​တော့ ​အခွင့်​အရေး​တွေ ​​ပေါ်လာတတ်ပါတယ်။

ဈေးကွက်ပျက်​တဲ့​အချိန်မှာ ​အခွင့်​အရေးကို လက်မလွှတ်ပဲ ပိုင်ပိုင်နိုင်နိုင် ​အသုံးချသွား​တဲ့ လူတစ်ယောက် ​အ​​ကြောင်း ​ပြောပြချင်ပါတယ်။

သူက​​တော့ ဆာဂျွန်​​​တမ်ပယ်​တန် (Sir John Templeton) ပါ။ ​​ထင်ရှား​​ကျော်ကြား​တဲ့ ရင်းနှီးမြှုပ်​နှံသူ၊ ပရဟိတသမား သူဌေးကြီးပါ။ ၂၀၀၈ ခုနှစ် ​အသက် ၉၅နှစ်မှာ ကွယ်လွန်သွား​ခဲ့ပါပြီ။ သူဟာ ဒုတိယကမ္ဘာစစ် ဖြစ်ကာစ စ​​​​တော့ရှယ်ယာ ဈေးကွက်ပျက်​နေ​တဲ့​အချိန်မှာ ဈေး​​တော်​တဲ့ စ​​တော့ရှယ်ယာ​တွေကို လိုက်ဝယ်ပါသ​တဲ့။ ​

အဲဒီ​အချိန် လူ​တွေက ကမ္ဘာ့စီးပွားပျက်ကပ်​နဲ့ ဒုတိယကမ္ဘာစစ်​​ကြောင့် သွေးပျက်​နေကြတာ။ ​စ​​တော့ရှယ်ယာ​တွေကို ​​တော်ရုံလူ မဝယ်ရဲ​တဲ့​အချိန်။ ခုဝယ်၊ ခုဈေးကျ၊ ခုရှုံး ဖြစ်​နေ​တဲ့​အချိန်​​ပေါ့။ အဲဒီ​အချိန်မှာ စ​​တော့ရှယ်ယာသွားဝယ်​တဲ့သူ​တွေကို ​အရူးလို့​ပြောကြမယ်ထင်ပါ​ရဲ့။

သူဝယ်တာက ကုမ္ပဏီတစ်ခုတည်းက စ​​တော့ရှယ်ယာလက်မှတ်​တွေကို သိမ်းကြုံးပြီးဝယ်တာမဟုတ်ပါဘူး။ စ​​တော့ရှယ်ယာ လက်မှတ်တစ်​​စောင်ကို တစ်​​ဒေါ်လာ​အောက်ရောက်​နေ​တဲ့ ဈေး​​တော်​တဲ့ ကုမ္ပဏီ ​အခု တစ်ရာ​​ကျော်ဆီက​နေ ဖြန့်ကြက်ဝယ်တာပါ။ ကုမ္ပဏီတစ်ခုဆီက​နေ လက်မှတ် ၁၀၀ ဝယ်တယ်။ ​​ဒေါ်လာ တစ်​​သောင်းလောက် သုံးလိုက်တာ​​ပေါ့။

ဝယ်ပြီး စိတ်ရှည်ရှည်​နဲ့​ ​​စောင့်ပြီး​​တော့ စစ်ပြီးခါနီး စ​​တော့ဈေးကွက် ​ပြန်​​ကောင်းလာ​တဲ့​အချိန် ​ပြန်​​ရောင်းလိုက်တာ ​​ဒေါ်လာ လေး​​သောင်းလောက်​ ပြန်ရပါသ​တဲ့။ ​အမြတ် ၃ ဆ ရတယ်​​ပေါ့။ ဒါ​​တောင် ​အချို့ကုမ္ပဏီ​တွေက ​ဒေဝါလီ​ခံသွားလို့ပါ။

သူများ​တွေ​နဲ့ ဆန့်ကျင်ဘက်လုပ်ရင်း မြတ်သွားတာပါ။

ကျွန်​​တော်တို့လည်း ဆာဂျွန်​​​တမ်ပယ်​တန်ဆီက​နေ သင်ခန်းစာယူလို့ရပါတယ်။ ဈေးကွက်ပျက်​တဲ့​အခါ လူညံ့တွေက ​အရှုံး​ခံပြီး ထုတ်​​ရောင်းကြတယ်။ လူ​​တော်​တွေက​​တော့ သင့်တင့်​တဲ့ဈေးနှုန်းထက် သက်သာ​တဲ့​အချိန်ကို ​​စောင့်ဝယ်ကြတယ်။ လူညံ့တွေ ကြောက်စိတ်​နဲ့ တုန်လှုပ်​နေ​တဲ့​အချိန် ​​လူ​​တော်​တွေက ခေါင်း​အေး​အေးထားပြီး ရဲရဲ​ဝံ့​ဝံ့ လှုပ်ရှားကြပါတယ်။ ရေရှည်​အတွက် ရင်းနှီးမြှုပ်​နှံဖို့ ​အခွင့်​အရေး​​ကောင်း​တွေကို ဈေး​ပေါ​ပေါ​နဲ့ ရတတ်တာကိုး။

​ဈေးကွက်ပျက်​တဲ့​အခါ ဈေးကွက်ထဲမှာ ပကတိ တန်ဖိုးထက် ​အများကြီးသက်သာ​တဲ့ဈေး​နဲ့ ထိုး​​ရောင်းတတ်ကြပါတယ်။ ပကတိ​တန်ဖိုးထက် ဈေး​​တော် မ​​တော် တွက်ချက်နိုင်အောင် ​အသိပညာ​ ဗဟုသုတတွေကို ကြိုပြီး စု​​ဆောင်းထားကြပါ။ (မသိပဲ မတတ်ပဲလျှောက်လုပ်ရင်​​တော့ ဘဝပျက်သွားနိုင်ပါတယ်။) ဈေး​​တော်​တဲ့​အခါ ကောက်ဝယ်နိုင်အောင် ​ငွေကိုလည်း ကြိုပြီး စု​​ဆောင်းထားထားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

ဆက်​လက်​၍ ဖတ်​ရန် 
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...