Sunday, September 27, 2020

ခေတ်သစ်​ ငွေရှာနည်း

လိုင်း​​ပေါ်မှာ နာမည်​​ကျော်ကြား လူသိများလာရင် ​ဝင်ငွေရပေါက်ရလမ်း​တွေ ပွင့်လာတတ်ပါတယ်။

​​လူသိများ​တဲ့ ​အချို့ ဆယ်လီ​တွေ (Influencer အင်ဖလူ​ရန်ဇာ​တွေ) ဟာ ​​သူတို့​​ပေ့ချ်​တွေမှာ ကုန်ပစ္စည်း (သို့) ဝန်​ဆောင်မှု တစ်ခုခုကို ​​ကြော်ငြာပေးရင် ​ငွေသိန်း​​ပေါင်း ဆယ်ဂဏန်းက​နေ ရာဂဏန်းထိ ရတတ်ကြပါတယ်။

လူတိုင်း​​တော့မရပါဘူး။ ​အရမ်းပေါက်သွား​တဲ့ ဆယ်လီ​တွေမှ ရတာပါ။ ​​ပေ့ချ်မှာ Follower (​​ဖော်လိုဝါ) များပြီး Like, Comment ​နဲ့ Share များ​လေ​လေ ​​ကြော်ငြာခ ​ငွေ​​တောင်းလို့ ​​ကောင်း​လေ​လေပါပဲ။ လုပ်ငန်းရှင်​တွေကလည်း ​​ပျော်​​ပျော်ကြီး ပေးကြပါတယ်။ ဒီ​ခေတ်မှာ သူတို့​​ ကြော်ငြာပေးတာက ပိုပြီး ထိရောက်တာကိုး။

ဘယ်လောက်ပဲ ကြိုးစားကြိုးစား ​​ဖော်လိုဝါ မတိုး၊ Like နည်းပြီး ဝင်​ငွေမရ​တဲ့ ​​ပေ့ချ်​တွေလည်း ဒု​နဲ့ဒေးပါပဲ။ ​အချို့ဆို ​​ဖော်လိုဝါ​တွေ သိန်း​​ကျော်၊ သန်း​​ကျော် ရှိ​နေပြီးမှ လူ​တွေ စိတ်ဝင်စားမှု ​ပြန်လျော့သွားလို့ Like ​တွေ နည်းသွားတာမျိုး​တွေလည်း ​​တွေ့ရတတ်ပါတယ်။

​​ပေ့ချ်တစ်ခု အောင်မြင်လာ​တဲ့​အခါ ရလာနိုင်​တဲ့ ဝင်​​​ငွေရပေါက်ရလမ်း​တွေကို ဒီ​​ဆောင်းပါးမှာ ရှင်းပြ​ခဲ့ပြီးပါပြီ။

ပိုးစုန်းကြူးပေ့ခ်ျ ငွေဝင်လား https://www.facebook.com/fireflypsk/posts/157759885562295/

ကျွန်​​တော့်ကို မကြာခဏ လာမေးကြ​တဲ့ မေးခွန်းလေးတစ်ခု ရှိပါတယ်။

"ပိုးစုန်းကြူးလို အောင်မြင်​တဲ့ ​​ပေ့ချ်လေးဖြစ်အောင် ဘယ်လို လုပ်ရမလဲ" ဆို​တဲ့ မေးခွန်းလေးပါ။

​အရင်ဆုံး ရှင်းပြချင်တာက ကျွန်​​တော့်​​ပေ့ချ်ဟာ တစ်နှစ်သား​​ကျော်​​ကျော်ပဲ ရှိပါသေးတယ်။ ဖော်လိုဝါ သန်း​နဲ့ချီ၊ ကုဋေ​နဲ့ချီ​တဲ့ ​​ပေ့ချ်​တွေ ​နဲ့ ယှဉ်လိုက်ရင် ပါမွှားလေးပါ။ ​​အောင်မြင်​​နေပြီလို့ ​ပြောဖို့ ​စောပါသေးတယ်။

​အချို့​သော ​​ပေ့ချ်​တွေဟာ လ​အနည်းငယ်​အတွင်း တစ်ဟုန်ထိုးပေါက်သွားတတ်ကြပါတယ်။ ​

အထူးသဖြင့် ​လူစိတ်ဝင်စားတတ်တာ​တွေက အတင်း​အဖျင်း သတင်း​တွေ​ပါ။ လက်ရှိမှာ ဘယ်သူ ဆယ်လီဖြစ်​နေလဲ။ သူ့နောက် လိုက်ပြီး အင်တာဗျူးရင် အို​ကေပြီ။ ဘယ်သူ့မှာ ​အရှုပ်ထုတ်​တွေရှိ​နေ​လဲ။ ဒါ​တွေကို ​​ဖော်ထုတ်။ ဒါမျိုးလေး​တွေဆို ​အပေါက်​မြန်ပါတယ်။ ​မလုံ့တလုံဝတ်ပြီး TikTok ​​ဆော့ပြရင်လည်း လူကြိုက်များတတ်ပါတယ်။ လူ​ဆဲချင်စရာ​တွေ ရွေး​ပြော၊ ရွေးရေး၊ ရွေးလုပ်ရင်း ပေါက်​နေ​တဲ့သူ​တွေလည်း ရှိပါတယ်။ လူ​တွေကို ထိုင်ဆဲရင်း နာမည်ကြီးသွား​တဲ့သူ​တွေ ရှိသလို ရူးတူးတူး ပေါ​​တော​​တော​တွေလုပ်ရင်း လူသိများလာ​တဲ့သူ​တွေလည်း ရှိပါတယ်။

​​ဘာပဲဖြစ်ဖြစ် ပေ့ချ်​တွေ မှိုလိုပေါက်​နေ​တဲ့ ဒီ​ခေတ်ကြီးမှာ ​​ဖောက်ထွက်ပြီး တစ်နိုင်​ငံလုံး​အတိုင်း​အတာ​နဲ့ လူသိများလာဖို့​​တော့ ခက်​နေပါပြီ။ ​အထူးသဖြင့် ကျွန်​​တော်တို့လို ပျင်းစရာ​​ကောင်း​တဲ့ ပညာပေးတွေ ရေး​နေ​ပြော​နေ​တဲ့သူ​တွေ​အတွက် ပေါက်ဖို့ ပိုခက်ပါတယ်။

ဒါ​ပေ​မဲ့လည်း ပိုးစုန်းကြူး​​ပေ့ချ်လေးဟာ သူ့​အတိုင်း​အတာ​နဲ့သူ​​တော့ ပုံ​မှန်လေးသွား​နေပါတယ်။ တစ်နိုင်​ငံလုံး​အတိုင်း​အတာ​နဲ့ဆို လူသိနည်းသေး​ပေ​မဲ့ ကျွန်​​တော် ထင်ထားတာထက် ခရီးပေါက်​နေပါပြီ။

ကျွန်​​တော်ဟာ ​​ဖေ့စ်ဘွတ်ခ်​​​​ပေ့ချ်​​ထောင်တာ​နဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတစ်ယောက်​​တော့မဟုတ်ပါဘူး။ ပိုးစုန်းကြူး​​ပေ့ချ်မတိုင်ခင်ကလည်း ဘယ်​​ပေ့ချ်မှ မ​​ထောင်ဖူးပါဘူး။ သင်တန်းလည်း မတက်​ခဲ့ပါဘူး။

ကျွန်​​တော် ရေး​တဲ့​​ဆောင်းပါး​တွေ ဘယ်ဂျာနယ် ဘယ်မဂ္ဂဇင်းမှာမှ မပါဖူးပါဘူး။ ဝတ္ထုတို နှစ်ပုဒ်​နဲ့ ကဗျာ​အချို့ကလွဲပြီး ​ကျန်​တဲ့ ​​ဆောင်း​ပါး​တွေဟာ ​​ပေ့ချ်​​ထောင်ပြီးမှ ရေးဖြစ်​ခဲ့တာပါ။

ဗီဒီယိုလေး​တွေကိုလည်း ​အရင်က မ​ဖန်တီးဖူးပါဘူး။ ဒီနှစ်မှ YouTube က​နေ ​အခ​မဲ့ သင်ယူ​​လေ့လာပြီး ​စမ်းလုပ်ဖြစ်​ခဲ့တာပါ။

ဒီလိုပဲ ​ဝါသနာ​နဲ့ ​စေတနာကို ​အရင်း​ခံပြီး စမ်းတဝါးဝါး​နဲ့ စ​ခဲ့တာပါ။ ဒီလို စလုပ်ဖြစ်ရင်း တစ်နှစ်​အတွင်း ရ​ခဲ့​တဲ့​ အ​​တွေ့​အကြုံ​တွေက​​တော့ ​အများကြီးပါ။

ပေ့ချ်​​တစ်ခု ဖွင့်ဖို့ စဥ်းစား​နေ​တဲ့သူ​တွေ​အတွက် ပထမဆုံး ပေးချင်​တဲ့ ​အ​ကြံဉာဏ်က​​တော့ ​အများကြီး သိပ်တွေးမ​နေပဲ လုပ်ဖြစ်အောင်သာ ​​စလုပ်လိုက်ပါ။

ကျွန်​​တော် ဒီ​​ပေ့ချ်လေးကို လုပ်မယ်လုပ်မယ်​နဲ့ စဥ်းစား​နေလိုက်တာ လ​အနည်းငယ်ကြာသွားပါတယ်။ ရင်းနှီး​တဲ့သူ တစ်ယောက်တစ်​လေကို​ပြောပြ​​တော့လည်း "ဒီလိုစာမျိုး​တွေကို လူ​တွေ စိတ်ဝင်တစား ဖတ်ကြမှာ မဟုတ်ပါဘူး" လို့​ပြော​တဲ့သူရှိသလို "ငွေရေးကြေးရေး​ ပညာပေး​တွေ ​ပြောပေး ​ရေးပေးနေ​တဲ့ ​​ပေ့ချ်​တွေရှိ​နေပြီ၊ ခုမှဝင်ရင် နောက်ကျသွားပြီ" လို့ ​ပြော​တဲ့သူ​လည်း ရှိပါတယ်။

​ချီတုံချတုံ ဆက်တွေး​နေရင် ခုချိန်ထိ လုပ်ဖြစ်ဦးမှာ မဟုတ်ပါဘူး။ ခု​​တော့ တစ်နှစ်​​ကျော်​​ကျော်မှာ ​အ​​တော် ခရီးပေါက်​နေပါပြီ။ ​​ငွေရေးကြေးရေး ပညာပေး​​ပေ့ချ်တစ်ခု​အ​နေ​နဲ့ မဆိုးလှ​တဲ့ ​အ​ခြေ​အ​နေဖြစ်​နေပါပြီ။ ​​

ငွေကြေး​အတွက်လုပ်တာမဟုတ်သလို Like ​တွေလိုချင်လို့ လုပ်​နေတာလည်း မဟုတ်​ပေ​မဲ့ Like များတယ်ဆိုတာ (ကျွန်​​တော့်​​ ပေ့ချ်​အတွက်​​တော့) လူ​တွေကို ဘယ်လောက်​အကျိုးပြုတယ်ဆို​တဲ့ ​ပေ​တံတစ်​​ချောင်းပါ။ တစ်ကယ်လို့သာ ကျွန်​​တော် ရေးသမျှ ဖတ်​တဲ့သူ တစ်ယောက်မှ မရှိရင် ဆက်ရေးဖြစ်မှာ မဟုတ်ပါဘူး။ (​အ​သံလုံ ​အခန်းထဲမှာ ရင်ကွဲအောင်​ အော်​နေလည်း ဘယ်သူမှ ကြားမှာမဟုတ်​တဲ့​အတွက် ​ဆက်​အော်​နေရင်လည်း ​အချည်းနှီးပါပဲ။ ​အချည်းနှီး​အလုပ်ကို​​တော့ ကျွန်​​တော် မလုပ်ချင်ပါဘူး။)

​ခေတ်သစ်​ငွေရှာနည်း တစ်ရပ်​အ​နေ​နဲ့ ​ငွေရှာချင်လို့ ​​ပေ့ချ်​​ထောင်ချင်​တဲ့ သူ​တွေ၊ ဝါသနာပါလို့ စာရေးချင်​၊ ဗီဒီယိုလေး​တွေ ​ဖန်တီးချင်​တဲ့သူ​တွေ၊ လူ​တွေကို ကိုယ်သိထားတတ်ထားတာလေး​တွေကို ​အခ​မဲ့ မျှ​ဝေချင်​တဲ့ သူ​တွေ​အတွက် ရည်ရွယ်ပြီး ကျွန်​​တော့်​ရဲ့ ​​ပေ့ချ်​​ထောင်​ခဲ့​တဲ့​အ​​တွေ့​အကြုံ​တွေ၊ ​​ပေ့ချ်လေးတစ်ခု လူသိများလာဖို့ လုပ်သင့်လုပ်ထိုက်တာလေး​တွေကို ​အလျင်းသင့်သလို ​​​ဆောင်းပါးလေး​တွေ​​ရေးပြီး ပြန်လည်မျှ​ဝေသွားပါဦးမယ် ခင်ဗျာ။

​​အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...