ဘယ်လောက် ချမ်းသာနေပြီလဲ လို့မေးလာရင် အများစုက ရွှေငွေတိုက်တာလုပ်ငန်း သိန်းပေါင်း ဘယ်လောက်ဖိုးလောက် စုမိနေပြီ ချမ်းသာနေပြီ (ဒါမှမဟုတ် ကြွေးတင်နေပြီ) ဖြစ်ကြောင်း ပြောကြမှာပါ။
ဒါပေမဲ့ ချမ်းသာကြွယ်ဝမှု ကို ငွေကြေးဥစ္စာ ပမာဏနဲ့ မတိုင်းတာပဲ အချိန်နဲ့သာ တိုင်းတာသင့်ပါတယ်။
ဘယ်လိုတိုင်းတာသင့်လဲဆိုတော့ ...
ကျွန်တော်တို့ ဒီနေ့ကစပြီး ဝင်ငွေရတဲ့ အလုပ် ဘာမှ မလုပ်တော့ပဲ ကိုယ့်လက်ရှိစုဆောင်းထားတာလေးနဲ့ ထိုင်စားနေရင် ဘယ်လောက်ကြာကြာ ထိုင်စားနေနိုင်မလဲ။ အဲဒီမေးခွန်းရဲ့ အဖြေဟာ ကျွန်တော်တို့ရဲ့ လက်ရှိ ကြွယ်ဝချမ်းသာမှုပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ကြွယ်ဝချမ်းသာမှုက တစ်ရက်စာလား၊ တစ်လစာလား၊ တစ်နှစ်စာလား၊ ၁၀ နှစ်စာလား၊ တစ်ဘဝလုံးစာလား ဆိုတာ တွက်ချက်လို့ ရပါတယ်။
ငွေ သိန်းတစ်ရာ စုမိထားပြီး တစ်လကို သိန်းနှစ်ဆယ် အသုံးစရိတ်ရှိတဲ့သူရဲ့ ကြွယ်ဝချမ်းသာမှုက ၅ လပဲ ရှိပါတယ်။
ငွေ ၂၄ သိန်း စုမိထားပြီး တစ်လကို အသုံးစရိတ် တစ်သိန်း ရှိတဲ့သူက ၂ နှစ်စာ ချမ်းသာပါတယ်။
ငွေသခင်ဖြစ်ဖို့ဆိုတာ ဝင်ငွေ အရမ်းကောင်းဖို့ထက် အသုံးစရိတ်နည်းဖို့နဲ့ ဝင်ငွေထဲကနေ ရာခိုင်နှုန်းများများ စုမိဖို့က ပို အရေးကြီးပါတယ်။
ဝင်ငွေများပြီး အသုံးစရိတ်နည်းရင်တော့ အတိုင်းထက် အလွန်ပေါ့ခင်ဗျာ။ ငွေသခင် မြန်မြန်ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ငွေသခင် မြန်မြန်ဖြစ်အောင် ဝင်ငွေကို တိုးနိုင်သမျှ တိုးအောင်နဲ့ ထွက်ငွေကို လျော့နိုင်သမျှ လျော့အောင် ကြိုးစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘာကျော် လက်ဝှေ့သမားဟောင်း မိုက်တိုင်ဆန် (Mike Tyson) ဟာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ ထိချမ်းသာခဲ့ဘူးပါတယ်။ တစ်လမှာ ဒေါ်လာ နှစ်သိန်းခွဲ (မြန်မာငွေ သိန်း ၃၇၀၀ ကျော်) သုံးရင်တောင် နှစ် ၁၀၀ အေးဆေးသုံးလို့ရပါမယ်။ ဒါတောင် ဘဏ်တိုးကို ထည့်မတွက်ရသေးပါဘူး။ ဒါပေမဲ့ အသုံးအဖြုန်းစရိတ် အလွန်ကြီးမားလွန်းလို့ အသက် ၃၇ နှစ် အရွယ်မှာတင် ဒေဝါလီခံခဲ့ရပြီး လူမွဲစာရင်းဝင်ဖြစ်ခဲ့ရပါတယ်။ အောင်မြင်ကျော်ကြား ဝင်ငွေကောင်းပေမဲ့ အသုံးအဖြုန်းကြီးရင် ကြွယ်ဝချမ်းသာမှု တာရှည်ခံမှာ မဟုတ်ဘူးဆိုတာ မိုက်တိုင်ဆန်က သက်သေပြသွားပါတယ်။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Wednesday, September 23, 2020
ကျိကျိတက်
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment