အောက်တိုဘာ ၃၀ ရက် ၂၀၁၉ မြန်မာစံတော်ချိန် ည ၁၀ နာရီလောက်မှာ လူငယ် နှစ်ယောက် ကျွန်တော့်ဆီကို ရှေ့ဆင့်နောက်ဆင့် ဆက်သွယ်လာပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် တစ်ရက်တည်း တစ်ချိန်တည်း မိနစ်ပိုင်းပဲ ခြားပြီး အဲဒီနေ့မှ စပြီး ဆက်သွယ်လာတဲ့ ညီငယ် နှစ်ယောက် မှာ အခြား တိုက်ဆိုင်တာတွေ ရှိပါသေးတယ်။ ပဲခူးတိုင်းမှာ နေတာချင်းတူတယ်။ မြို့တော့ ကွဲပါတယ်။
ထူးခြားတာက တစ်လကို လခ သုံးသိန်း ရတာချင်းပါ သွားတူနေတာပါ။ မသိရင် လာနောက်နေသလိုပဲ။
တူတာတွေ ဒီမှာ ဆုံးပြီး မတူတာတွေ စပါတယ်။ ပြဿနာချင်းမတူကြဘူးပေါ့။
ပထမ တစ်ယောက်က တစ်လ သုံးသိန်းရတာထက်ကို ပိုသုံးနေမိလို့ ကြွေးတင်နေပါတယ်။ ကြွေးကျေချင်လို့ အကြံတောင်းတာပါ။
ဒုတိယ တစ်ယောက်ကတော့ တစ်လ သုံးသိန်းမှာ သုံးပုံ နှစ်ပုံလောက် စုမိလို့ ဘာရင်းနှီးမြှုပ်နှံမှု လုပ်ရင်ကောင်းမလဲ အကြံတောင်းတာပါ။
ညီငယ် နှစ်ယောက်လုံးကို ရိုးရိုးသားသားပဲ သိသလောက် အကြံပေးဖြစ်ပါတယ်။
ကြွေးတင်နေတဲ့ ပထမ ညီငယ်လည်း ကိုယ့်ပြဿနာ ကိုယ်သိလို့ အဖြေရှာဖို့ ဆန္ဒရှိတဲ့သူမို့ စိတ်ဓာတ်ခိုင်ခိုင်နဲ့ ပြင်ဆင်သွားရင် ကြွေးတွေကျေပြီး အဆင်ပြေ ငွေစုလာနိုင်မှာပါ။ ချောင်လည်လာမှာပါ။ ယုံကြည်ပါတယ်။
ငွေစုနိုင်တဲ့ ဒုတိယ ညီငယ်ကလည်း လမ်းမှန်ပေါ် ရောက်နေပါပြီ။
အဲဒီမှာ နောက်ထပ် တတိယ ညီငယ်လေး တစ်ယောက်ကို စိတ်ကူးထဲမှာ ထပ်တွေးမိပါတယ်။ အဲဒီ တစ်ယောက်လည်း တစ်လ သုံးသိန်း ရနေမှာပါ။ ဒါပေမဲ့ သုံးဖြုန်းပြီး ကြွေးသံသရာထဲမှာ လည်နေတယ်။ ကမ်းမမြင် လမ်းမမြင်နဲ့ ကြွေးသံသရာထဲကဘယ်လို ရုန်းထွက်ရမလဲဆိုတာ မသိတဲ့သူပါ။
အဖြေကို ဘယ်မှာရှာရမှန်း မသိ၊ ဘယ်စာတွေ ဖတ်ရမှန်းမသိ၊ ဘယ်သူ့ကို အကူအညီ တောင်းရမှန်းမသိပဲ မသိခြင်း အမှောင်ထဲမှာ ဘယ်လောက်များ နစ်နေဦးမလဲ တွေးပြီး ရင်မောရပါတယ်။
ဒီလို လူငယ်လေးတွေရဲ့ ဘဝခရီးလမ်းမှာ အလင်းပြပေးမယ့် သူတွေ များများ ပေါ်လာပါစေလို့ ဆုတောင်းပါတယ်။ ဒီလို လူမျိုးတွေကို တွေ့ရင်လည်း သိသလောက် တတ်သလောက် သင်ပြလမ်းညွှန်ပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။
သုံးသိန်း ဝင်ငွေ ရတာချင်း အတူတူ အသုံးအဖြုန်းကွာသွားလို့ ဘဝ နောင်ရေး အကျိုးပေး ကွာသွားတတ်တာကိုလည်း သတိပြုစေလိုပါတယ်။
လမ်းမှားနေတာကို သိလို့ ဂငယ်ကွေ့ပြန်ကွေ့ပြီး အမှန်လမ်းကို ပြန်လျှောက်ရင် နဂို လမ်းမှန်လျှောက်နေသူတွေထက် နည်းနည်းနောက်ကျသွားတာ မှန်ပေမဲ့ လမ်းမှားကို မထူးဇာတ်ခင်းပြီး ဆက်လျှောက်နေတာထက်တော့ အများကြီး သာမှာပါ။ ဘဝ ပြောင်းလဲ သာယာလာမှာပါ။ ကြိုးစားရင် ကြိုးစားသလောက် ရှေ့ကလူတွေကို မီနိုင်လာမှာပါ။
ဒါ့ကြောင့် အမှားကိုသိရင် ဒီနေ့ပဲ စပြင်ကြပါစို့။ နောင်တတွေကို ဘေးဖယ်ထားပြီး ဂငယ်ကွေ့ ကွေ့ကြပါစို့ ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Friday, September 25, 2020
တိုက်ဆိုင်လိုက်တာများကွာ
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment