ငွေသခင်ဖြစ်ဖို့ ဥစ္စာဓန ဘယ်လောက်လိုလဲ ဆိုတာကို တွက်ချင်ရင်တော့ တစ်လ အသုံးစရိတ်ကို ၃၀၀ နဲ့ သာ မြှောက်ပါခင်ဗျာ။
တစ်လ အသုံးစရိတ်က တစ်သိန်းဆိုရင် ငွေသခင်ဖြစ်ဖို့ သိန်း ၃၀၀ လိုပါတယ်။ တစ်လ အသုံးစရိတ်က သိန်း ၃၀ ဆိုရင်တော့ ငွေသခင်ဖြစ်ဖို့ သိန်း ၉၀၀၀ လိုပါတယ်။ အသုံးစရိတ်ထဲမှာ ခရီးသွားဖို့၊ ကျန်းမာရေး၊ သာရေးနာရေး စတဲ့ စရိတ်တွေကိုပါ ပျမ်းမျှချပြီး ထည့်တွက်ထားရမှာပါ။
ဘာလို့ ၃၀၀ နဲ့ မြှောက်ရသလဲဆိုတော့ တစ်နှစ်အတွက် ရင်းနှီးမြှုပ်နှံမှုတွေကရတဲ့ စုစုပေါင်း ပျမ်းမျှ အမြတ်ငွေကို ၄% နဲ့တွက်ထားလို့ပါ။
ဥပမာ တစ်လ ၁ သိန်း လိုတဲ့သူက သိန်း ၃၀၀ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားရမယ်ပေါ့။ သိန်း ၃၀၀ ရဲ့ တစ်နှစ် အမြတ်ငွေ ၄% ဟာ ၁၂ သိန်း ပါ။ ဒါဆို တစ်လ ၁ သိန်း သုံးလို့ရပါပြီ။
ငွေအားလုံးကို တစ်နေရာတည်းမှာ ရင်းနှီးမြှုပ်နှံထားတာမျိုး မဟုတ်ပဲ နေရာအမျိုးမျိုးမှာ ခွဲပြီး မြှုပ်နှံသင့်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခုဟာ အကြောင်းကြောင်းကြောင့် ထင်သလောက် အမြတ်မရရင် (သို့မဟုတ်) လတ်တလော အရှုံးပေါ်နေရင် အခြား ရင်းနှီးမြှုပ်နှံမှုတွေကနေ ထေမိကာမိ အောင်ပါ။
အခြေအနေနဲ့ အချိန်အခါပေါ် မူတည်ပြီး အချို့ ရင်းနှီးမြှုပ်နှံမှုတွေက တစ်နှစ် ၄% မက ရတတ်ပြီး အချို့ရင်းနှီးမြှုပ်နှံမှုတွေကတော့ တစ်နှစ်ကို ၄% ရချင်မှ ရပါလိမ့်မယ်။
ကိုယ့်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ ယေဘုယျအားဖြင့် ပျမ်းမျှအနေနဲ့ ငွေကြေးဖောင်းပွမှုနှုန်းကို ကာမိတဲ့အပြင် အပိုဆောင်း ၄% မြတ်နေရမှာပါ။ အမြတ်ငွေက ၄% ထက် ပိုရနေရင်လည်း အဲဒီငွေတွေကို အကုန်မသုံးပစ်ပဲ ၄% ကိုပဲ ပုံမှန်သုံးပြီး ကျန်တာကို ငွေပင်ငွေရင်းထဲ ပြန်ထည့်ထားသင့်ပါတယ်။
ဒီနည်းနဲ့ဆို ကိုယ့်ရဲ့ ငွေပင်ငွေရင်းကလည်း ပျောက်ပျက်သွားတာ၊ လုံးပါးပါးသွားတာမျိုး ဖြစ်နိုင်ခြေနည်းပါတယ်။ ငွေကြေးဖောင်းပွမှုနှုန်းကို ကာမိတဲ့အပြင် တစ်နှစ်ကို ၄% မက အမြတ်ရအောင် ရင်းနှီးမြှုပ်နှံထားနိုင်တဲ့သူတွေအတွက်ဆိုရင်တော့ ငွေပင်ငွေရင်းဟာ တစ်နှစ်ထက်တစ်နှစ် ပိုတောင် ပွားများလာဦးမှာပါ။ ငွေပင်ကြီးကနေ ငွေသီးတွေသီးနေတဲ့အပြင် ငွေပင်ကြီးကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုကြီးထွားလာတဲ့ သဘောပါပဲ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Tuesday, September 22, 2020
၃၀၀ ရှိရင် ငွေသခင်
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
"ငွေမရှိခြင်းဟာ မကောင်းမှုတွေအားလုံးရဲ့ ဇစ်မြစ်ပါပဲ" လို့ပြောခဲ့တဲ့ စကားနဲ့ပတ်သက်ပြီး ဝေဖန်သံတွေနဲ့ ပွက်လောရိုက်...
-
၁၁ လပိုင်း ၁၁ ရက်နေ့ကို တရုတ်ပြည်မှာ လူလွတ်များနေ့ (Singles’ Day) လို့ သတ်မှတ်ထားပါတယ်။ ၁၁၁၁ ဆိုတာ ၁ ဂဏန်းတွေပူးနေတာ ဆိုတော့ တစ်ယော...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခေါ်တဲ့ လျှ...
No comments:
Post a Comment