Sunday, September 27, 2020

ရတနာစိန်​ကျောက် ဇယ်​တောက်တဲ့အခါ

​မြန်မာနိုင်​ငံက နာမည်​အကြီးဆုံး စိန်​ရွှေရတနာဆိုင် တစ်ဆိုင်ဆိုင်ကို သွားပါ။ ​ကိုယ်ကြိုက်နှစ်သက်​တဲ့ ​ကျောက်မျက်​ရတနာ လက်​ဝတ်လက်​စား တစ်ခုကို ​​ရွေးပါ။ ​ဈေး​မေးပါ။ ပြီးရင် ​ပြန်​​ရောင်းရင်ဘယ်​လောက်ရမလဲ ​မေးလိုက်ပါ။

​သေချာတာက​တော့ စိန်​ထည်နဲ့ ​အခြား​ကျောက်မျက်​ရတနာ​တွေကို ချက်​ချင်းဝယ် ချက်​ချင်း​​ပြန်​ရောင်းရင် ချက်​ချင်းရှုံးပါတယ်။ (ကပ်​ပြောရရင်​တော့ နှစ်ရက်​​အတွင်း​ပြန်အပ်၊ တစ်ပတ်​အတွင်း ​ပြန်အပ်ရင် ​ငွေ​အားလုံး​ပြန်​ပေးတဲ့ ဆိုင်​တွေ​တော့ ရှိပါတယ်။)

ချက်​ချင်း​​ရောင်းလို့ ရှုံးတာလား။ ​နောက် သုံးနှစ်​လောက်မှ လာ​​ရောင်းရင်​​ကော။ ဟုတ်ကဲ့ ပိုရှုံးပါတယ်။

ရှင်းပြပါရ​စေ။ စိန်ဘယက်​တစ်ခုကို ၁၀ သိန်းနဲ့ ဝယ်တယ်ဆိုပါစို့။ ​ပြန်​​ရောင်းရင် ​​ရောင်းချင်တဲ့ ​အချိန် ​ပြေစာစာရွက်​နဲ့​ပြန်လာရင် ၁၀% ​အရှုံးနဲ့ ​ပြန်​​ရောင်းလို့ရပါသတဲ့။ (ဆိုင်​ပေါ် မူတည်ပြီး % ​အ​​ပြောင်း ​အလဲ ရှိပါတယ်။)

ဒါဆို ၁၀ သိန်းနဲ့ ဝယ်ထား၊ သုံးနှစ်​နေလို့​ပြန်​​ရောင်းရင် ၉ သိန်းရမယ်။ ​အဝယ်​ပြေစာ မ​ပျောက်​သေးရင်​ပေါ့။ ​ပြေစာမရှိရင်​တော့ ရတနာဆိုင်က "ဟဟပဲ ရမယ်" လို့ ​ပြော​လေလိမ့်မလား မသိ။

တစ်သိန်းနဲ့ သုံးနှစ် ဝတ်လိုက်ရတာ ​တန်တယ်လို့ ​ပြောချင်တဲ့သူ​တွေရှိပါလိမ့်မယ်။ တစ်ကယ်​တော့ ဆုံးရှုံးသွားတာက တစ်သိန်း မကပါဘူး။

​ငွေ ၁၀ သိန်းကို ​ဘဏ်မှာ ၁၀% တိုးနဲ့ စာရင်း​သေအပ်ထားလို့ သုံးနှစ်ကြာရင် ၁၃ သိန်း ၃ ​​သောင်း ရပါမယ်။ ခု​တော့ စိန်ဘယက်​ကြီးဝယ်ဝတ်ပြီး ​​ရောင်းလိုက်တာ ၉ သိန်းပဲရပါတယ်။ ရှုံးတာ တစ်သိန်းမဟုတ်ပါဘူး။ ၄ သိန်းနဲ့ ၃ ​​သောင်းပါ။ ဒီလို တွက်​ရပါမယ်။ နှစ်ကြာ​လေ​လေ ပိုရှုံးလေ​လေပါပဲ။

​အချို့ဆို ပို​​တောင်ဆိုးပါ​သေးတယ်။ ​ပြန်​​ရောင်းရင် ၁၀% ရှုံးမယ်။ ​​တန်ဖိုးတူတာနဲ့ ​ပြန်လဲရင် ၅% ပဲရှုံးမယ် ​အသစ်လည်း ရမယ်ဆိုပဲ။ ၅% ​အရှုံးသက်​သာ​အောင် မ​​ရောင်းပဲ လဲဝတ်လိုက်မယ် ဆိုပဲ။

​ပြန်တွက်​ကြည့်ပါ။ ၁၀ သိန်း​တန်ကို ၉ သိန်းခွဲနဲ့ ​ပြန်သွင်း။ ၅ ​​သောင်းထပ်စိုက်ပြီး ၁၀ သိန်း​တန် ​အသစ် တစ်ခု​ပြန်ယူ။ ကိုယ်ကပဲ မြတ်လာသလိုဘာလိုလို​ပေါ့။ တစ်ကယ်က ​ပြန်​​ရောင်းရင် ၉ သိန်းပဲ ရမှာကြီးကို ခု​တော့ ​အရင်က ၁၀ သိန်း၊ ခု ထပ်တိုး ၅ ​​သောင်း၊ ၁၀ သိန်း ၅ ​​သောင်း ကုန်သွားပြီ။ ​ဘဏ်တိုး​​ ထည့်တွက်​ရင် ၃ နှစ်​အကြာ ၄ သိန်းနဲ့ ၈ ​​သောင်း​ကျော်ရှုံး​နေပြီ။

​အ​ရည်အ​သွေး​​ကောင်းလွန်းလို့ စု​​ဆောင်းသူ​တွေ သ​ဘောကျတဲ့ ​ကျောက်မျက်​ရတနာ​တွေ နဲ့ ​အခြား ​ရှေး​​ဟောင်းပစ္စည်းစတဲ့ ခြွင်းချက်​​ အနည်းငယ်ကလွဲရင် ရတနာဆိုင်​တွေက ​​ရောင်းတဲ့ ​ကျောက်​တွေက ဝယ်သူရှုံးတာ များပါတယ်။

​ကျောက်မျက်​ရတနာဝယ်တာ ​ယေဘုယျ​အားဖြင့် ရင်းနှီးမြှုပ်​နှံရာ မ​ရောက်ပါဘူး။ ဖြုန်းရာ ​ရောက်ပါတယ်။ ​ကျောက်မျက်​ရတနာများများပါတဲ့ ​ရွှေဝယ်ရင်လည်း တူတူပါပဲ။

အသုံးနဲ့ အဖြုန်း https://www.facebook.com/fireflypsk/posts/116492159689068

ဖြုန်းနိုင်တဲ့ ​အချိန်ကျမှ ဖြုန်းကြပါ။ ဒါမှမဟုတ် ဒီစိန်ဘယက်​ကြီး​​ကြောင့် ​အကျိုး​အမြတ် ​ထည်​ထည်ရာရာရှိလာမယ်ဆို ဝယ်ပါ။

ဒါမှမဟုတ်ရင်​တော့ 

မြန်မာနိုင်​ငံက နာမည်​အကြီးဆုံး စိန်​ရွှေရတနာဆိုင် တစ်ဆိုင်ဆိုင်ကို သွားပါ။ ​

ကိုယ်ကြိုက်နှစ်သက်​တဲ့ ​ကျောက်မျက်​ရတနာ လက်​ဝတ်လက်​စား တစ်ခုကို ​​ရွေးပါ။ ​ဈေး​မေးပါ။

ပြီးရင် ​ပြန်​​ရောင်းရင်ဘယ်​လောက်ရမလဲ ​မေးလိုက်ပါ။

​ဈေးကွာဟတဲ့ ပမာဏကို တွက်​ပါ။ ဝတ်ထားတုန်းကာလမှာ မရလိုက်​တော့မယ့် ​ဘဏ်တိုးကိုတွက်​ပါ။ ပြီးရင် မဝယ်ပဲ ​ပြန်ထွက်​လာခဲ့ပါ။ ​

မဖြုန်းလိုက်မိလို့ မကုန်​တော့တဲ့ ​ငွေ၊ မဆုံးရှုံး​တော့တဲ့​ငွေ​တွေကို ​ပြန်တွက်​ပြီး ပြုံးလိုက်ပါ။

မဝယ်ဖြစ်လိုက်လို့ "တယ် ​တော်တဲ့ ငါလေးပါလား" လို့ ကိုယ့်ကိုယ်ကို ချီးမွမ်းလိုက်ပါ ခင်ဗျာ။ ​

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...