Saturday, September 26, 2020

ငွေရှာနည်း တစ်ရာ




ဒီစာက​တော့ ​အပိုဝင်​ငွေရချင်သူ​တွေနဲ့ ​အလုပ်မရှိလို့ ဘာလုပ်ရမှန်း မသိတဲ့ သူ​တွေ​အတွက်​ပါ။

​​အလုပ် ရှားပါးတယ်၊ ​အလုပ် ရှာမရဘူး၊ ဘာလုပ်ရမှန်း မသိဘူး ဆိုပြီး ညည်းညူ​နေတဲ့ ​သူ​တွေ ရှိပါတယ်။

ဘဝဆိုတာ မလွယ်​တော့ မလွယ်ပါဘူး။ ဒါ​​ကြောင့်လည်း သစ္စာ​လေးပါးတရားမှာ ဒုက္ခသစ္စာက ထိပ်ဆုံးကပါ​နေတာပါ။

မလွယ်​ပေမယ့် လူရယ်လို့ ဖြစ်လာရင် တာ​ဝန်​အရ ကြိုးစားရုန်း​ကန်ကြရမှာမို့ ​အားတင်းထားကြပါ။ ​ရွှေဘုံ​ပေါ်​စံ ​ရွှေဇွန်းကိုက်ပြီး ​မွေးလာတဲ့ သူ​​တွေကို ကြည့်ပြီး ငါ့ဘဝက​တော့ သူတို့နဲ့မတူ ခါးသီးလှပါလားလို့ ​တွေးမ​နေပဲ ကိုယ်လိုချင်တဲ့ဘဝကို ရ​အောင် ကိုယ်တိုင်ပဲ ကြိုးစားလိုက်ပါ။ ကြိုးစားလို့ရလာတဲ့ ​အသီး​အပွင့်က ပိုချိုမြိန်ပါတယ် ခင်ဗျာ။ ကိုယ်​တွေ့ပါ။

ကဲ ​ငွေရှာနည်း တစ်ရာ ​အ​​ကြောင်း ပြန်ဆက်​ရ​အောင်။

ဝတ္ထုတစ်ပုဒ် ဖတ်ဖူးပါတယ်။ လူငယ်​လေးတစ်​ယောက်ဟာ တစ်မနက်​မှာ လူစည်ကားတဲ့ ​ဈေးကိုလာပြီး ဟိုကြည့်ဒီကြည့် လုပ်​နေပါသတဲ့။ ​ဘေးက စပ်စုတတ်တဲ့ တစ်​ယောက်က လူငယ်​လေးကို ဘာလာလုပ်တာလဲလို့​မေး​တော့ လူငယ်​လေးက "ကျွန်​တော် ​ငွေရှာတဲ့ နည်း​​ပေါင်း တစ်ရာ​ကျော် ကို လာ ​လေ့လာ​နေတာပါ" တဲ့။ ဟုတ်လည်း ဟုတ်​နေသားပဲ။ ​ဈေးထဲမှာ သူမြင်သ​မျှက ပိုက်​ဆံရှာလို့ ရတဲ့ နည်း​တွေ ​အများကြီးပဲကိုး။

ကျွန်​​တော်တို့လည်း ကိုယ့်ပတ်ဝန်းကျင်မှာ မြင်မြင်သမျှ လူ​တွေကို ​လေ့လာကြည့်လိုက်ကြပါစို့။ သူတို့ ဘယ်လို ​ငွေရှာ​နေကြသလဲ ဆိုတာကို ​စူးစမ်းရင် ပိုက်​ဆံ ရှာနည်း​​ပေါင်း ​မြောက်များစွာကို ​​​တွေ့ပါလိမ့်မယ်။ ပတ်ဝန်းကျင်မှာတင် မဟုတ်ပါဘူးခင်ဗျာ။ Facebook ​ဖေ့စ်ဘွတ်ခ် ​ပေါ်မှာလည်း ကြည့်တတ်ရင် ​တွေ့ပါတယ်။ ဖေ့စ်ဘွတ်ခ် သူငယ်ချင်း​တွေ ဝင်​ငွေရ​အောင် ဘာလုပ်​နေကြလဲ စပ်စုလိုက်ပါ ခင်ဗျာ။

​နောက်တစ်နည်းက​တော့ ​အခြားမြို့ (သို့) နိုင်​ငံ​တွေက ​ငွေရှာနည်း​တွေကို ​လေ့လာပါ။ ကိုယ့်မြို့၊ ကိုယ့်​ရွာ၊ ကိုယ့်နိုင်​ငံမှာ ဘာလို့ ဒီလို ​ငွေရှာနည်း​တွေ မထွန်း​ပေါက်​သေးတာလဲဆိုတာ သုံးသပ်ပါ ခင်ဗျာ။

အဲဒီထဲကမှ ကိုယ့်​အ​ခြေ​အ​နေနဲ့ သင့်​တော်မယ့် ​အလုပ်၊ ဝါသနာပါတဲ့ ​အလုပ်၊ ကျွမ်းကျင်တဲ့ ​အလုပ်၊ ​အဆင်​ပြေမယ့် ​အလုပ်ကို ရှာလုပ်ပါ။ တစ်​ယောက်နဲ့ တစ်​ယောက် ​အ​ခြေ​အ​နေ၊ ကျွမ်းကျင်မှု၊ ပတ်ဝန်းကျင်၊ ​ဝါသနာ၊အရည်​အချင်း စတာ​တွေ မတူတာ​​ကြောင့် တစ်​ယောက်​အတွက်​ သင့်​တော်တဲ့ လုပ်ငန်းက ​နောက်တစ်​ယောက်​အတွက်​ သင့်​တော်ချင်မှ သင့်​တော်ပါလိမ့်မယ်။

ကျွန်​တော်​ပေးနိုင်တဲ့ ​အ​ကြံက​တော့ လိုအပ်ရင် တပည့်​ခံဖို့ ​ဝန်မ​လေးပါနဲ့။ ​ကျွမ်းကျင်​အောင် ​လေ့ကျင့်ပါ။ ​အလုပ်ကို သူများ​တွေထက်​သာ​အောင် ဘယ်လိုလုပ်ရမလဲ ​အမြဲ ​ကြံဆပါ။  မခိုမကပ်ပဲ ကြိုးစားပါ။ ​​ရေသာ မခိုပါနဲ့။ မပျင်းပါနဲ့။ ဖင်​​ပေါ့ပါ။ အရာရာ ​စေတနာ​လေး ​ထည့်ပြီး ​အစွမ်းကုန်လုပ်ပါ။ ​ရိုးသားပါ။

"ငါ့ကို ​ပေးထားတဲ့ လခနည်းနည်း​လေးနဲ့ ​တန်သ​လောက်ပဲ လုပ်နိုင်မယ်" ဆိုတဲ့ စိတ်ကို လုံးဝ ​ဖျောက်ထားပါ။ ဝင်​ငွေပို​​ကောင်းမယ့် ​အခွင့်​အလမ်း​တွေ ​အတွက်​ မျက်​စိကိုဖွင့် နားကို စွင့်ထားပါ။ အလုပ် နှစ်ခု၊ သုံးခု လုပ်သင့်ရင် လုပ်ရပါမယ်။ တစ်​နေ့ အောင်မြင်ရမယ်ဆိုပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုထားပါ။ သမာအာဇီဝ ဘယ်​အလုပ်မျိုးမဆို လုပ်ရမှာ မရှက်​ပါနဲ့။ (​ချေးစားပြီး ​ကြွေးတင်မှာကိုသာ ရှက်​ပါ။)

ကျွန်​တော့်ရဲ့ ဘဝ တစ်စွန်းတစ်စ၊ ကျွန်​တော် လုပ်ခဲ့ဘူးတဲ့ ​အလုပ်​လေး​တွေကိုလည်း ​ဖော်ပြလိုက်ပါတယ်။ ဟုတ်ကဲ့ ​သမာအာဇီဝ အလုပ်ဟူသမျှ ဂုဏ်ရှိစွပါပဲ ခင်ဗျာ။

1. စမူဆာ​ရောင်း (​​ကျောင်းတက်​ရင်း လုပ်)
2. ကုန်စုံဆိုင် ​အ​​ရောင်း/အလုပ်သမား (​​ကျောင်းတက်​ရင်း လုပ်)
3. စားပွဲထိုး (​​ကျောင်းတက်​ရင်း လုပ်)
4. ကျုရှင်ဆရာ (​​ကျောင်းတက်​ရင်း၊ ​ဝန်ထမ်းလုပ်ရင်း လုပ်)
5. ​ကျူရှင်​အကျိုး​ဆောင် (​​ကျောင်းတက်​ရင်း၊ ​ဝန်ထမ်းလုပ်ရင်း လုပ်)
6. ​အ​ဆောင်မှူး (​​ကျောင်းတက်​ရင်း လုပ်)
7. အင်ဂျင်နီယာ/​မန်​နေဂျာ (​ဝန်ထမ်း ​အလုပ်)
8. ကိုယ်ပိုင် ကွန်ပျူတာ Software လုပ်ငန်း (ဝန်ထမ်းလုပ်ရင်း လုပ်)
9. ရင်းနှီး မြှုပ်​နှံသူ (အိမ်​ခြံ​မြေ၊ စ​တော့ရှယ်ယာ ​ဈေးကွက်​) (ဝန်ထမ်းလုပ်ရင်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ရင်း လုပ်)

ငွေရှာနည်း တစ်ရာ Youtube 

အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါ​စေ ခင်ဗျာ။

ဆက်​လက်​၍ ဖတ်​ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ 

Credit: 
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်


No comments:

Post a Comment

လူလိမ်လား လူ​​ကောင်းလား

ဒီ​​နေ့​​တော့ ကျွန်​​တော် ပ​ဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ​​ပေ့ချ်​တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...