FIRE လို့ အတိုကောက်ခေါ်တဲ့ Financial Independence, Retire Early ဆိုတဲ့ လှုပ်ရှားမှုဟာ ကမ္ဘာအနှံ့ နေရာ အများအပြားမှာ ရေပန်းစားနေပါတယ်။ မြန်မာလို အတိအကျ ဘာသာပြန်ရရင်တော့ "ငွေကြေး အချုပ်အနှောင်မှ ကင်းလွတ်ပြီး စောစီးစွာ အငြိမ်းစားယူခြင်း" ပေါ့။ ကျွန်တော်ကတော့ "ငွေသခင် အရေးတော်ပုံ" လို့ပဲ ဆိုချင်ပါတယ်။
ကျွန်တော်ကလည်း ငွေသခင် အရေးတော်ပုံသား တစ်ယောက်ပါပဲ။ အကြွေးတွေ ပတ်လည်ဝိုင်းနေတဲ့ ဘဝကနေ ငွေသခင်ဘဝကို ရောက်လာတာပါ။
ငွေသခင်တွေဟာ ငွေကြေး အတွက် တောင့်တ ကြောင့်ကြမှု မရှိပဲ လွတ်လွတ်လပ်လပ် နေထိုင်နိုင်သူတွေပဲဖြစ်ပါတယ်။ ကျိကျိတက် ချမ်းသာချင်မှ ချမ်းသာပါမယ်။ ဒါပေမဲ့ တစ်ဘဝစာ ဖူလုံအောင် ငွေကြေးဥစ္စာ ရင်းနှီး မြှုပ်နှံမှုတွေ ရှိထားပြီးသူတွေ ဖြစ်ပါတယ်။ ဘာမှမလုပ်ပဲ ရနေတဲ့ ဝင်ငွေဟာ ထွက်ငွေထက်များနေရပါမယ်။
ကိုယ်ဝါသနာပါတဲ့ လုပ်ငန်း အသီးသီးကို ငွေမျက်နှာ မကြည့်ပဲ အေးအေးချမ်းချမ်း လုပ်နိုင်ကြပါတယ်။ ဘာမှမလုပ်ပဲ အိမ်မှာနေချင်နေ၊ ခရီးထွက် ချင်ထွက်၊ အေးအေးဆေးဆေး နေချင်နေနိုင်ကြပါတယ်။ ပရဟိတ လုပ်ချင်ရင်လည်း ငွေရတာ မရတာ ကိစ္စမရှိ၊ နောက်ဆံ မတင်းပဲ လုပ်နိုင်ပါတယ်။ ငွေကခိုင်းတဲ့အတိုင်း လိုက်လုပ်စရာမလိုတော့ပဲ ငွေကို ခိုင်းထား နိုင်သူတွေပဲ ဖြစ်ပါတယ်။ ငွေစေရာကနေ သွေခွာနိုင်ပြီး လွတ်လပ်သွားသူတွေပါ။
"စောစီးစွာ အငြိမ်းစားယူခြင်း" လို့ ဆိုရာမှာလည်း အငြိမ်းစားယူပြီး အိမ်မှာ အလကား ထိုင်နေတာကို ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ်မလုပ်ချင်တော့တဲ့ ငြီးငွေ့လာတဲ့ အလုပ်တွေကို ရပ်နားပြီး အခြား ကိုယ်ကြိုက်တဲ့ အလုပ်တွေကို ငွေကြေးကိစ္စ ထည့်တွက်စရာမလိုပဲ လုပ်နိုင်တယ်လို့ ဆိုလိုတာပဲ ဖြစ်ပါတယ်။ လက်ရှိလုပ်နေတဲ့ အလုပ်ကို ဝါသနာပါ နှစ်သက်ရင်လည်း ဆက်လုပ်နိုင်ပါတယ်။ ကိုယ့်သမိုင်းကိုယ် လွတ်လွတ်လပ် ရေးခွင့်ရှိသူတွေပဲ ဖြစ်ပါတယ်။ ပုံမှန် ပင်စင်ယူချိန် အသက် ၆၀ ကျော်တဲ့ထိ မစောင့်ပဲ အသက် ငယ်ငယ် ၃၀၊ ၄၀၊ ၅၀ အရွယ်မှာတင် ငွေသခင်ဖြစ်အောင် ကြိုးပမ်းကြသူတွေပါ။
ငွေသခင်ဖြစ်သွားပြီးတဲ့နောက်ပိုင်း အလုပ်ဆက်လုပ်ဖို့ လိုသေးလားလို့မေးလာရင် ငွေကြေးအတွက်တော့ အလုပ် ဆက်လုပ်ဖို့ မလိုတော့ပါဘူးလို့ ဖြေရပါမယ်။ ဒါပေမဲ့ တာဝန်သိစိတ်နဲ့ အလုပ်ဆက်လုပ်ကြပါတယ်။ လူ့ဘောင်လောကကို အကျိုးပြုဖို့ အလုပ် ဆက်လုပ်ကြပါတယ်။
ငွေသခင်ဖြစ်ဖို့ မိဘအသိုင်းအဝိုင်းက ချမ်းသာစရာလည်း မလိုပါဘူး။ မိဘက ချမ်းသာနေရင်တော့ တစ်ပန်းသာမှာပေါ့။ ဒါပေမဲ့ ငွေသခင် စိတ်ဓာတ်၊ စည်းကမ်းနဲ့ ပညာတွေ မရှိရင်တော့ ကုဋေရှစ်ဆယ် သူဌေးသားဇာတ်ကို ခင်းရမှာပါ။
အခြေခံ လူတန်းစားဘဝကနေလည်း ငွေသခင်ဖြစ်နိုင်ကြောင်း၊ မြန်မာနိုင်ငံမှာနေလည်း ငွေသခင်ဖြစ်နိုင်ကြောင်း သတင်းကောင်းပါးပါရစေ။ ငွေသခင်ဖြစ်ဖို့ နည်းလမ်းလေးတွေကို ဒီ Page ကနေ စဥ်ဆက်မပြတ် တင်ဆက်ပေးနေပါတယ် ခင်ဗျာ။
အားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ခင်ဗျာ။
ဆက်လက်၍ ဖတ်ရန်
ပိုးစုန်းကြူး ငွေးကြေးဆိုင်ရာ ဗဟုသုတ
Credit:
Firefly ပိုးစုန်ကြီး Personal Blog Page မှကူးယူထားသည်
Tuesday, September 22, 2020
ငွေသခင် အရေးတော်ပုံ
Subscribe to:
Post Comments (Atom)
လူလိမ်လား လူကောင်းလား
ဒီနေ့တော့ ကျွန်တော် ပဟေဠိလေးတစ်ပုဒ် မေးချင်ပါတယ်။ (၁) ဒီ ပေ့ချ်တွေကို ဝင်ကြည့်ပေးပါ။ https://www.facebook.com/Football-Burmese-...
-
လိုင်းပေါ်မှာ စီးပွားရေး ပန္နက် (Business Plan) ရေးဆွဲနည်းသင်တန်းတွေ ကြော်ငြာနေတာတွေ့ရပါတယ်။ သင်တန်းကြေးတွေကလည်း မနည်းလှပါဘူး။ သင်တန်းပေ...
-
မနေ့က ဘိုးတော် ပိုးစုန်းကြူး အကြောင်းရေးတာ မြန်မာနိုင်ငံမှာ လိမ်ခဲ့ကြတဲ့ လိမ်နည်းတွေနဲ့ ခပ်ဆင်ဆင်ဖြစ်ရုံသာမက Cryptocurrency လို့ခ...
-
ခုခေတ် ကျွန်တော်တို့ အများစုမှာ လက်ကိုင်ဖုန်းတွေကိုယ်စီ ရှိကြပါတယ်။ နောက်ဆုံးပေါ် ဖုန်းသစ်လေးတွေကို မြင်ရင် လိုချင်တဲ့ စိတ်လေးတွ...
No comments:
Post a Comment